ဧရာဝတီမြစ်ကြီးနဲ့အပြိုင် အေးချမ်းစွာလှပနေတဲ့သူကတော့ မေမြင့်မိုရ်ပါ။ အမြဲလိုလို ရယ်ပြုံးကာ ချစ်ဖို့ကောင်းတဲ့ သူမကတော့ “ ချစ်ရတဲ့သူဆီ လမ်းပြပေးပါ ချစ်သောဧရာဝတီ” ဆိုတဲ့စာသားနဲ့အတူ ဧရာဝတီ မြစ်ကမ်းဘေးမှာ အေးချမ်းစွာလှပနေတဲ့ပုံလေးကို သူမရဲ့ Facebook မှာ တင်ထားပါတယ်။ MRTV – 4 ရဲ့ရုပ်သံဇာလမ်းတွဲတစ်ခုဖြစ်တဲ့ ပန်းနုသွေး ဆိုတဲ့ဇာတ်လမ်းတွဲကနေ ပရိသတ် အသိအမှတ်ပြုကာ အောင်မြင်ကျော်ကြားခဲ့ သူတစ်ယော က်ပါ။

အနုပညာအလုပ်များအပြင် နိုင်ငံတကာ Brand ကြီးတစ်ခုမှာလည်း Ambassodar တစ်ယောက် အဖြစ် မြင်တွေ့ရအုံးမှာပါ။Brand အမျိုးအစားကိုတော့သူမက ဘယ် Brand အတွက်ဖြစ်မလဲဆိုပြီးပရိသတ်ကြီး ကို မေးခွန်းထုတ်ထားပါတယ်။ သိတဲ့သူကို လက်ဆောင် အနေနဲ့ Add ပေးမယ်လို့ ဆိုပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်းကတော့ စိန်နန်းတော်ရဲ့ SK Jewels ကြော်ငြာမှာလည်း သူမကို ခင်ဝင့်ဝါ၊ ရွှေမှုံရတီ တို့နဲ့အတူ မြင်တွေ့ရပါတယ်။မတူညီတဲ့ အလှများနဲ့အလှကြီး လှနေတဲ့သူမတို့ရဲ့ ချစ်ဖို့ကောင်း တဲ့ ပုံလေးကို လည်း ပရိသတ်ကြီးအတွက် စုစည်းထား ပါတယ် ။


ရှေ့နေဘွဲ့ရရှိထားတဲ့သူမကို သရုပ်ဆောင်ပိုင်းတွင်သာမက မော်ဒန်အပိုင်းမှာလည်း မြင်တွေ့ရ တက်ပါတယ်။ အေးချမ်းတဲ့အပြုံးပိုင်ရှင်မလေးရဲ့ ပုံလေးတွေကို Myanmar Load ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။

Source - May Myint Mo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။