မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချော တစ်ယောက်ဖြစ်တဲ့ သူထူးစံကတော့ သူရဲ့ထူးခြားတဲ့ အနုပညာစွမ်းရည် တွေကြောင့် ပရိသတ်တွေ ကြွေနေရတဲ့ သူတစ်ယောက် ပဲဖြစ်ပါတယ်။ 

အက်ရှင်၊ ဒရမ်မာ၊ ဟာသအားလုံး ကိုအပိုအလိုမရှိ ပီပြင်စွာ သရုပ်ဆောင်သွားတဲ့ သဘာဝ မင်းသားတစ်ယောက် ဖြစ်တာကြောင့် ယနေ့တိုင် ပရိသတ်အားပေး ချစ်ခင်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ နေရတာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတဲ့ သူထူးစံကတော့ သူရဲ့နှလုံးသားရေးရာ အခြေနေတွေကို ချစ်ပရိသတ်တွေ ထံဖွင့်ဟဝန်ခံ လိုက်တာပဲဖြစ်ပါတယ်။  

လက်တလောမှာတော့ မင်းသားချော သူထူးစံနဲ့ခွန်းဆင့်နေခြည် တို့ရဲ့ပတ်သတ်မှု တွေကိုပရိသတ်တွေ အရမ်းကိုသိချင်နေကြ တာပဲဖြစ်ပါတယ်။ 

အနုပညာလောကမှာရော သူထူးစံရဲ့လူမှုကွန်ယက်မှာပါ ပရိသတ် အချစ်တော် မင်းသမီးချော ခွန်းဆင့်နေခြည်နဲ့ အရမ်းကိုရင်းနှီးတဲ့ အခြေနေတွေကို အမြဲလိုလို မြင်တွေ့ နေရတာကြောင့် ပရိသတ်တွေရဲ့ သိလိုစိတ်ကို ပိုမိုတွန်းအားပေး ခဲ့တာပဲဖြစ်ပါတယ်။

သူထူးစံကတော့ ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေတဲ့ ခွန်းဆင့်နေခြည်နဲ့ လက်ရှိနှလုံးသားရေးရာ အခြေအနေတွေ ကိုမျှဝေပေး လိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူတို့၂ယောက်ကို လက်ရှိမှာဘယ်လို အခြေနေနဲ့မြင်တွေ့ရမလဲ ဆိုတာ အရမ်းကို စိတ်ဝင်စားနေ လောက်မယ်ထင်ပါတယ်။  

မင်းသားချော သူထူးစံကတော့ သူရဲ့လူမှုကွန်ယက်မှာ "ကဲနေခြည်မရေငါ့ဆီမှာ ရှိတဲ့ရိုက်ကွင်းပုံတွေ တင်ပေးလိုက်တယ် ငါတို့အတူရိုက်ခဲ့တဲ့ ဇာတ်ကားတွေလည်း မနည်းပါဘူးဟယ် နင်နဲ့ငါနဲ့က သူငယ်ချင်း မောင်နှမတွေပါ ငါ့ဘက်ကကြိတ်ကြိုက် ခဲ့ဖူးတာလေးတော့ ရှိတာပေါ့ ခုတော့ ငါလည်းငါ့ဘဝနဲ့ငါ ဆိုတော့ နင့်ကိုလည်း မထိခိုက်အောင်လို့

ငါတို့ရိုးသားကြောင်း ပုံလေးတွေ တင်ပေးလိုက်တယ်ဟာ နောက်ဇာတ်ကား တွေရဲ့ ရိုက်ကွင်းပုံတွေ ငါ့မှာအများကြီးရှိသေးတယ် ပြန်ရှာတွေ့ရင်တော့ ထပ်တင်ပေးလိုက်မယ်ဟေ့" ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေး လိုက်တာပဲဖြစ်ပါတယ်။

လူပျိုကြီးဘက်ကစပြီး Crushခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အချစ်ဆုံးသူငယ်ချင်း တွေပဲဖြစ်ပါတယ်။ သူထူးစံနဲ့ခွန်းဆင့်နေခြည်တို့ရဲ့ အမှတ်တရပုံရိပ် လေးတွေကိုလည်း ချစ်ပရိသတ်တွေ အတွက် မျှေ၀ ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - သူထူးစံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။