မိန်းမတစ်ယောက်ရဲ့အလှဆုံးအချိန်ဟာ အိပ်ယာထစအချိန်ပါဆိုတဲ့စကားသာမှန်ခဲ့ရင် ပြည်သူချစ်မင်းသမီးချောလေးယွန်းယွန်းကတော့ တကယ့်ကိုချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါပဲ။ သူမကို ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်တွေက ချစ်ခင် အားပေးလာခဲ့တာဖြစ်ပြီး အခုအရွယ်ရောက်လို့ ဖူးပွင့်လာတဲ့သူမရဲ့အလှတွေ ဖွံ့ဖြိုးလာချိန် မှာလည်း ပိုမိုအချစ်တိုးပြီး ချစ်ခင် အားပေးမှုတွေက လျော့မသွားပြန်ပါဘူး။ ဒီနေ့မှာတော့ သူမရဲ့ချစ်စရာကောင်းတဲ့ မနက်ခင်းအလှ တွေကို Facebook ပေါ်မှာမျှဝေခဲ့ပါတယ်။ မပြင်မဆင်နေတာတောင် ချစ်စရာကောင်းတဲ့သူမရဲ့ ပုံစံလေးက စွဲမက်ချင်စရာလေးပါပဲ။

သူမဟာ “ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ” ဇာတ်ကားနဲ့ အကယ်ဒမီရွှေစင်ရုပ်ထုကိုရရှိပိုင်ဆိုင် ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ နှစ်ကိုယ်ခွဲသရုပ် ဆောင်ခဲ့ရပြီး ပိုင်နိုင်ကောင်းမွန်စွာ ဇာတ်ရုပ်ကိုသရုပ်ဖော်နိုင်ခဲ့တာမို့ အကယ်ဒမီဆိုတဲ့ ပန်း တိုင်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမဟာငယ်စဉ်ကတည်းက အနုပညာလမ်း ကြောင်းပေါ်မှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ လျှောက်လှမ်းခဲ့တာဖြစ်ပြီး ပရိတ်သတ် အားပေးချစ်ခင်မှုကို အပြည့်အဝရထားသူလေးတစ်ယောက် ပဲဖြစ်ပါတယ်။ အထက်တန်း ပညာရေးကို ဂုဏ်ထူးနှစ်ခုနဲ့ထူးချွန်စွာအောင်မြင်ခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်တက္က သိုလ်မှာ စိတ်ပညာအထူးပြုဘာသာရပ်နဲ့ ပညာဆက်လက်ဆည်းပူးနေသူပဲ ဖြစ်ပါတယ်။

ပန်းနုရောင်အနွေးထည်အင်္ကျီလက်ရှည်လေးနဲ့ ညဝတ်ဘောင်းဘီပန်းရောင်အကွက် အစိပ်လေးကို တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက တကယ့်ပီဘိကလေးငယ်လေး အတိုင်းပါပဲ။ ချစ်စဖွယ် အမူအရာလေးတွေနဲ့ သူမရဲ့အိပ်ယာထက်မှာ Pose ပေးနေပုံလေး က အသည်းယားစရာကောင်းလှပါတယ်။ အိပ်ယာထစမှာတောင် ဘယ်လိုတွေချစ်စရာ ကောင်းနေလည်းဆိုတာ ယွန်းယွန်းကိုချစ်တဲ့ ပရိတ်သတ်ကြီးအတွက် အပြေးလေးတင်ဆက် ပေးလိုက်ပြီနော်။

Photo – Yoon Yoon’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။