ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းရဲ့ သားဦးလေးကတော့ တစ်လပြည့်သွားပြီလို့ သိရပါတယ်..။

ဒီဇင်ဘာ(၇)ရက်နေ့က တစ်လပြည့်သွားတာ ဖြစ်ပြီး သားလေးက အစားအရမ်းကြီးတဲ့ အကြောင်းကိုလည်း သူမက ချစ်စနိုးလေးနဲ့ ပြောပြထားပါသေးတယ်..။

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းက ဒီဇင်ဘာ(၇)ရက်နေ့က သူမအသုံးပြုတဲ့ fb စာမျက်နှာမှ တစ်ဆင့် ပြောပြထားတာ ဖြစ်ပါတယ်..။

“ဒီနေ့သားလေးတစ်လပြည့်သွားပြီ.. အစားအရမ်းကြီးတဲ့ သားလေး အမေနို့မလောက်လို့ Aptamil နို့မုန့်တောင် ထပ်တိုက်နေရတယ်..” လို့ ရေးသားထားပြီး ဓာတ်ပုံလေးနဲ့ တင်ထားတာ ဖြစ်ပါတယ်..။

သူမရဲ့ ဓာတ်ပုံထဲမှာ မင်းသမီးချော သဉ္ဇာနွယ်ဝင်းရဲ့ မိခင်တစ်ယောက်ရဲ့ ပီတိအပြုံးတွေနဲ့ သားလေးရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကိုလည်း တွေ့ရမှာပါ..။

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့ သားဦးလေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့က ဝိတိုရိယဆေးရုံမှာကောင်းမွန်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်..။

သင်ဉ္ဇာနွယ်ဝင်းက အဆိုတော် ရဲရင့်အောင်နဲ့ ပြတ်ခဲ့ပြီး စတီဗင်လှနဲ့ ရည်းစားဖြစ်ကာ အချိန်နှစ်လအတွင်း လက်ထပ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့မှာတော့ သားဦးလေးကို မွေးဖွားခဲ့တာ လည်းဖြစ်ပါတယ်။

သူမဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပြီး သားဦးလေးနဲ့ ပတ်သက်ပြီးလည်း ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်..။

ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ သဉ္ဇာနွယ်ဝင်းဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားကာ ချစ်စရာကောင်းပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာလည်း တစ်လပြည့်သွားပြီဖြစ်တဲ့ သားဦးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည် မျှဝေလိုက်တာ ဖြစ်ပါတယ်..။

Source - သဉ္ဇာနွယ်ဝင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။