မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဘိုရီဆော့အသင်းကို ၆ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ရမှတ် ၁၃ မှတ်ရရှိခဲ့ပြီး အုပ်စုပထမနဲ့ နောက်တဆင့်ကို တတ်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့အတူ ဘလ်ဂရိတ်အသင်းကပါ နောက်တဆင့်တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်မှာဘယ်အသင်းတွေနဲ့ တွေ့ဆုံသွားရမှာလည်းဆိုတာကိုတော့ မဲခွဲဆုံးဖြတ်သွားမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂီရော့၊ ဝဲဘတ်၊ ဝီရှိုင်းယား၊ ဝဲကော့စ်၊ ကိုကွယ်လင်၊ အယ်နီနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုရီဆော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရိုဒီယိုနော့၊ စတာစီဗစ်၊ အိုင်ဗန်နစ်၊ ဒရာဂမ်၊ ဘီရပ်ကင် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရရှိခဲ့တဲ့ ၆ ဂိုးမှာတော့ ၅ ဂိုးဟာ အာဆင်နယ်ကစားသမားတွေတစ်ယောက်တစ်ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပြီး ၁ ဂိုးကိုတော့ ဘိုရီဆော့အသင်းက ကိုယ့်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက်အဖွင့်ဂိုးကိုတော့ ၁၁ မိနစ်မှာ ဒီဘူချီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၇ မိနစ်မှာတော့ ဝဲကော့စ် က ဒုတိယဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။၄၃ မိနစ်မှာတော့ ဝီရှိုင်းယားက တတိယဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။လေးဂိုးမြောက်ဂိုးကိုတော့ ၅၁ မိနစ်မှာ ပိုရာကော့ က ကိုယ့်ဂိုးကိုသွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။၆၄ မိနစ်မှာတော့ ပယ်နယ်တီကနေတဆင့် ဂီရော့က ၅ ဂိုးမြောက်သွင်းယူပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးဂိုးကိုတော့ အယ်နီနီ က ၇၄ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။