စစ်ကိုင်းတိုင်းရှိ ကလေးမြို့နယ်တွင် အလယ်တန်းပြဆရာမတစ်ဦးက ဒုတိယတန်းကျောင်းသားတစ်ယောက်၏ပါးကို အချက်ပေါင်းများစွာ ဆွဲဆိတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ ယခုဖြစ်ရပ်ကတော့ ကလေး မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျာင်းမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါကျောင်းရှိ ဒုတိယတန်း ကျောင်းသားတစ်ဦးကို မြန်မာစာ မဖတ်တတ်တာကြောင့်ဆိုပြီး ဆရာမအနေဖြင့် ကျောင်းသား၏ ပါးပြင်ကို လက်သည်းနဲ ့ ဆွဲဆိတ်ခဲ့ပဲဖြစ်ပါတယ်။ ကျူးလွန်ခဲ့သူ ဆရာမ၏အသက်က ၃၃နှစ်ရှိပြီးဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ဆရာမက လုပ်သက် ၁၂နှစ်ရှိပြီဖြစ်ကာ ယခုကျောင်းသို့ရောက်လာခဲ့သည်မှာ ၃နှစ်သာ ရှိသေးတယ်လို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာ အဆိုပါ အလယ်တန်းပြဆရာမတစ်ဦးကို ဆွဲဆိပ်ခံရတဲ့ ကလေးရှိတဲ့ ဒုတိယတန်းအား စာမသင်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် အဆိုပါဆရာမကို ကို စုံစမ်းစစ်ဆေးနေကာ ရလဒ်တွေထွက်လာရင် အရေးယူသင့်မယူသင့်ဆုံးဖြတ်သွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။ ကာယကံရှင်ဆရာမအနေနဲ့လည်း ကလေးမိဘများနဲ့ တွေ့ဆုံတောင်းပန်ပြီးဖြစ်သလို သက်ဆိုင်ရာဌာနအဆင့်ဆင့်ကိုလည်း နောက်နောင်မပြုလုပ်တော့ပါကြောင်း ၀န်ခံကတိလက်မှတ်ရေးထိုုးထားတယ်လို လက်ထောက်ညွှန်ကြားရေးမှူး့ဒေါ်သီသီကပြောကြားခဲ့ပါတယ်။ 

ယင်းဆရာမကို လက်ရှိမှာ ဒုတိယတန်းစာသင်ကြားမှုကိုသာ ခေတ္တရပ်ဆိုင်းထားတာဖြစ်ပြီး ကျန်အတန်းများကိုသင်ကြားမှုကိုတော့ ရပ်ဆိုင်းတယ်လို ့မြို ့နယ်ပညာမှလုပ်ဆောင်ချက်ထဲ မပါ၀င်ဘူးလို ့ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သီသီကပြောပါတယ်။ “ကျွန်မ ကလေးရဲ့မိဘတွေနဲ ့သွားတွေ ့ဖို ့ရှိပါတယ် ဖြစ်ပြီးမကြာဘူး လုပ်တဲ့ဆရာမကရော ကျောင်းသားမိဘတွေပါခေါ်ပြီး စစ်ဆေးတယ် ထွက်ဆိုချက်တွေကိုလည်း တိုင်းပညာရေးမှူးရုံးကိုပို ့ထားတယ်လို ့သိရပါတယ် မြို ့နယ်ပညာရေးမှူးကိုကျွန်မလှမ်းမေးထားသလောက်ကတော့ ဖေ့ဘုတ်မှာတော့ပွနေတယ် ကျွန်မကတော့ ကျောင်းသားမိဘတွေနဲ ့တွေ ့ချင်သေးတယ်လို ့ပြောထားတယ် သူတို ့စစ်ဆေးချက်ကိုလည်းမိတ္တူတောင်းထာပါတယ် အမှုဖွင့်မယ်တော့ မကြားမိသေးဘူးလို” ့ကလေးမြို ့နယ်မှပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူကဆိုခဲ့ပါတယ်။

Source - Popular News Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။