လူမှု့အသိုင်းအဝိုင်း နဲ့နေလာသမျှ တစ်ယေက်နဲ့တစ်ယေက် ပြောကြဆိုကြ ပြီးရင်ပြီးရော တစ်ဖက်လူ ဘယ်လိုခံစားရမလဲ ဆိုတာ ကိုယ်ချင်းမစာတတ််ကြပါဘူး။ လူတစ်ချို့ကစကားပြောရင် ဒါပြောသင့်လား မပြောသင့်လားဆိုတာ မစဉ်းစားဘဲ ပြောတတ်ကြပါတယ် ၊တစ်ချို့ကတော့မှန်တာရော မမှန်တာပါပြောကြပါ လိမ့်မယ် ၊နားဝင်ချိုအောင်ပြောတဲ့သူ၊ ခပ်ကြမ်းကြမ်းပြောတဲ့သူ၊ မေတ္တာရှေ့ထားပြီးပြောတဲ့သူ၊(ဒါကတော့ မိဘတွေမှအပမေတ္တာရှေ့ ထားနိုင်မှာမဟုတ်ပါဘူးနော်)၊ မေတ္တာဆိုတာ သူ့့အကျိုးစီးပွားလိုလားမှု ၊သူကောင်းဖို့ သူတစ်ပါးကောင်းကျိုးခံစားဖို့ဆောင်ရွက်မူ၊ကူညီမှု့၊ဆိုတာ သူ့အတွက်သန့်သန့်လေးအနေနဲ့ ကိုယ်က ကူညီပေးတာပါ ကိုယ့်အတွက်တစ်စုံတစ်ရာမပါရပါဘူး မေတ္တာဆိုတာ အယူမပါရပါဘူး အပေးသက်သက်ပဲ ဖြစ်ရပါမယ်။ အပေးအယူသဘောဆောင်နေရင်တော့ အရောင်းအဝယ်ဆန်သွားပါပြီး။

အောင်မြင်တာ ကြီးပွားတာကို မလိုမုန်းတီးထားတဲ့သူ၊ တစ်မျိုးမျိုးနဲ့တော့ တွေ့ကြုံရမှာပါပဲ ၊ ကိုယ်ကသာ ဘယ်လိုလူမျိုးနဲ့့ပဲတွေ့တွေ့ ကိုဘက်ကအဲလိုလူမျိုးနဲ့ သွားမနှိုုင်းပါနဲ့ ရန်လိုမှု၊မုန်းတီးမှု၊ မကျေနပ်မှု၊ မနာလိုမှု ဆိုတာလူူတိုင်းမှာ တစ်ခုမဟုတ်တစ်ခု ဖြစ်နေမှာပါပဲ၊ ရှိနေမှာပါပဲ၊ လူဆိုတာခံစားချက်နဲ့ အသက်ရှင်နေကြရပါတယ်။ ကိုယ့်အပေါ်ကျေနပ်တဲ့သူ၊ အထင်မြင်လွဲသူ၊ သဘောထားကွဲသူ သူတို့တွေနဲ့လည်း ကိုယ်ကအခြေအတင်းပြောနေစရာ မလိုပါဘူးနော် သူလည်းသူထင်ရာ ကိုယ်မှာလည်း ကိုယ်လုပ်စရာရှိတာလုပ် အားလုံးက ဘဝတစ်ကွေ့မှာ တစ်ခဏ လာတဲ့သူတွေပါ။


ကောင်းကင်ပေါ် မော့ပြီးတံတွေးထွေးတဲ့သူ သူ့အပေါ်သူ့ပြန်ကျမှာဘဲလေ ၊ မကျေမနှပ်ဖြစ်ချိန်မှာရော မကျေနှပ်တဲ့အတွက်ကြောင့် စောင်းကာ မြောင်းကာပြုမူပြောဆိုချိန်မှာ အကုသိုလ်တွေဖြစ်ရသလို ကိုယ်တိုင်လည်း စိတ်ဆင်းရဲ၊ သူများကိုလည်းစိတ်ဆင်းရဲ နှစ်ဦးနှစ်ဖက်လုံးထိခိုက်တာပါပဲ၊ အဓိကတော့ ကိုယ်ပါပဲ ကိုယ်ကခံယူရင်ရသလို ကိုယ်လက်မခံရင်လည်းရပါတယ် ၊စိတ်သဘောထားကြီးတဲ့သူ စိတ်အရည်အသွေးပြည့်ဝသူတွေကတာ့ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြုံလာသမျှကို မေတ္တာမပျက်ထား နိုင်ကြပါတယ်၊ ဒါပေမဲ့ လူတွေကတော့ပြောကြမှာပေါ့ ငါအဲလောက်ထိ ခွင့်မလွတ်နိုင်သေးဘူး ငါကတရားပေါက်နေတာမဟုတ်ဘူး ဟုတ်ပါတယ် အားလုံးအစကနေပြန်စရမှာပါ တစ်ဖြည်းဖြည်းချင်း လုပ်ယူရမှာပါ အစကောင်းမှ အနှောင်းသေချာသလို ကိုယ်ကိုတိုင်ကောင်းမှ ပတ်ဝန်းကျင်ကိုလည်း ကောင်းအောင်လုပ်နိုင်မှာပါ၊ အကောင်းမြင်တာနဲ့ နုံအတာနှင့်မတူပဲ အကောင်းမြင်တယ်ဆိုတာ ကိုယ်မှပြောင်းလဲလို့မရတာကို စိတ်ညစ်မခံ ဘဲစိတ်ချမ်းသားအောင်နေထိုင်းခြင်းပါ၊ အကောင်းမြင်တာက ကိုယ်ကို အေးချမ်းစေပါ တယ်၊ကျွနုပ်တို့အားလုံး လည်း တစ်ဦးအပေါ်တစ်ဦး မေတ္တာထားနိုင်အောင ်ကြိုးစားကြပါစို့၊


Source : ဓမ္မပိယဆရာတော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။