အောင်သူကချစ်သော အောင်သူ ့ကိုချစ်သော

မနေ ့ကမန္တလေးမြို ့လမ်း၃၀ Life Cafe မှာ အောင်သူ ့ကို

ချစ်တဲ့ ရတနာပုံပရိသတ်ကြီးက နှှုတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

အောင်သူနှုတ်ဆက်ပွဲလေးဟာ အောင်သူ ့ကိုချစ်တဲ့ပရိသတ်တွေ

သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ပျော်စရာကောင်းခဲ့တယ်ဆိုပေမယ် ့လည်း

ခွဲခွာခြင်းတွေဟာ နာကျင်ရတာတော ့အမှန်ပါပဲ။

စကားနည်းတဲ့အောင်သူသူချစ်တဲ့ပရိသတ်ကြီးကို

ပြောခဲ့တဲ့စကားတွေကိုကြည် ့ရင်သူဘယ်လောက်တောင်

ခံစားနေရလဲသိနိုင်ပါတယ်။

ရတနာပုံကိုစရောက်ကတည်းကသူ ့ကို

ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ရတနာပုံပရိသတ်တွေရဲ့

အကြောင်းသတိတရသူပြောပါတယ်။မန္တလေးမြို ့ကြီးရယ်

ရတနာပုံပရိသတ်တွေဟာသူ ့ရင်ထဲမှာ အမြဲတမ်း

ရှိနေမယ်ဆိုတဲ့အကြောင်းအောင်သူကပြောပြပါတယ်။

အမြဲတမ်းလည်းလွမ်းနေမှာပါတဲ့၊အောင်သူကိုချစ်တဲ့

ပရိသတ်ကြီးကလည်းသူ ့ကိုအမှာစကားတွေပါးခဲ့ပါသေးတယ်။

ထိုင်းမှာအပေါင်းအသင်းမမှားအောင်နေပါ။အစွမ်းကုန်ကြိုးစားပါတဲ့။

ဒီထက်ပိုအရေးကြီးတာက ထိုင်းမချောချောလးမယူခဲ့ပါနဲ့တဲ့။

ဒီမှာက အောင်သူ ့ကို ချစ်တဲ့သူတွေအများသားမလား။

အောင်သူနှုတ်ဆက်ပွဲဟာလါမ်းစရာလေးပေမယ် ့

ပျော်စရာဖြစ်ရတာတော ့အမှန်ပါ။အောင်သူဟာ

ပွဲကိုတက်ရောက်လာတဲ့သူတွေတိုင်းကို သူလတ်မှတ်ထိုးထားတဲ့

ဂျာစီတွေကိုလက်ဆောင်ပေးခကြပါသေးတယ်။သူဟာလာမယ် ့၁၅

ရက်နေ ့ဆိုထိုင်းကိုထွက်ခွာသွားပါပြီ။

Source-YDNB Fans


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။