မေပန်းချီဆိုတဲ့သူမကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ မျက်နှာပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့သူမကဂျင်းဖက်ရှင် စတိုင်များ ကိုအလွန်နှစ်သက်သူ ပါ။  KATE Amazinf ဆိုတဲ့ ဂျင်းဖက်ရှင်ဆိုင်လေး ကိုလည်း ဖွင့်ထားကာ သူမကိုလည်း အမြဲလိုလို အမိုက်စား ဂျင်းဖက်ရှင် တွေနဲ့သာ အမြဲလိုလိုတွေ့ရလေ့ရှိပါတယ် ။

ဒီနေ့မှာတော့ သူမကို ငွေဆောင်ကမ်းခြေမှာမြင်တွေ့ရပါတယ်။ တိမ်ပြာရောင်တွေအော က်မှာ လိုက်ဖက်တဲ့ အပြာရင့်ရောင်အကျီနဲ့ အနက်ရောင်ဘောင်းဘီဝတ်ဆင် ထားတဲ့သူမကတော့ စတိုင်ကျလို့နေပါတယ် ။သူမရဲ့ပရိသတ်တွေကတော့ ဝိတ်ချဖို့ လာပြောနေပုံ ရတာကြောင့် “ သူမက ဝိတ်ချဖို့ခဏခဏလာ မပြောကြပါနဲ့” လို့ပြန်လည် ကျီစယ်ထားပါသေးတယ်။

မိသားစုစုံလင်စွာမနေရတာကြောင့် ပြည့်စုံတဲ့မိသားစုအခြေအနေကို ဖန်တီးလိုပေမယ့် အချစ်ရေး ကံမကောင်းသူ ပါလို့ ပြောပြထားပါတယ်။ အနုပညာအချင်းချင်းက နားလည်မှု လွဲနိုင်တာတွေ ရှိတာကြောင့် အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိနိုင်မှ လက်တွဲတာ အကောင်း ဆုံးလို့ဆိုပါတယ်။ အခုလတ်တလောကတော့ တစ်ယောက်တည်း အေးဆေးပါပဲတဲ့ ပရိတ်သတ်ကြီးရေ ။

Source – May Pan Che FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။