ပရိသတ်တွေကို မျက်ရည်ချူနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်လာနိုင်ပြီး အူဝဲအတွက်လဲအကယ်ဒမီမှန်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်တွေကတော့ မင်းသမီးအိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်တို့အပြင် ကိုရီးယားမင်းသမီးတစ်ယောက်ကပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားရဲ့ဒါရိုက်တာကတော ပရိသတ်တွေကိုရင်ထဲထိစေခဲ့တဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဖြစ်ပြီး လက်ရှိမှာရိုက်ကူးနေဆဲဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ရိုက်ကွင်းဓာတ်ပုံအချို့ လူမှုကွန်ယက်မှာ ပျံ့လာခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားမှု အထူးမြင့်တက်လာကာ နိုင်ငံကျော်မင်းသမီးအိန္ဒြာကျော်ဇင်နဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့အပြင် ကိုရီးယားမင်းသမီးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သရုပ်ဆောင်အားပြိုင်မှုတွေကို လက်မလွတ်တန်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
ဒါကြောင့် အူဝဲကို အကယ်ဒမီရစေချင်နေတဲ့ အူဝဲရဲ့ပရိသတ်တွေအတွက် အူဝဲဇာတ်ကားကြီးကောင်းကောင်းရိုက်ကူးနေပြီး အစွမ်းကုန်သရုပ်ဆောင်နေပါတယ်လို့ အသိပေးပါရစေ။
Source : myanmar walk of fame
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။