ပရိသတ်အချစ်တော် မင်းသမီးချောလေး ကတော့လက်ရှိ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီး ကိုသွားရောက် အားပေးခဲ့တာပဲဖြစ်ပါတယ်။ 

ထာဝရအမေ ရုပ်ရှင် ဇာတ်ကားကြီးဟာ ပရိသတ်တွေကြားမှာရော အနုပညာရှင် အသိုင်းဝိုင်းတွေကြားမှာပါ အရမ်းကို ဟော့ဖြစ်နေ တဲ့ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ 

ထာဝရအမေ ရုပ်ရှင်ကားကြီးရဲ့ Red Carpet အထူးပွဲ ပြုလုပ်စဉ်ထဲက ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားခဲ့ကြရပြီး ဒီနေ့ဒီဇင်ဘာ(၈)ရက်နေ့မှာတော့ ရုံတင်ပြသတော့ မှာဖြစ်တဲ့ အတွက်တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ရှုခွင့် ရတော့မှာပဲဖြစ်ပါတယ်။ 

မင်းသမီးချောလေး ဝါဆိုမိုးဦးကလည်း ထာဝရအမေ ရုပ်ရှင်ကားကြီး နဲ့ပတ်သတ်ပြီး အရမ်းကို စိတ်ဝင်စားနေခဲ့ တာပဲဖြစ်ပါတယ်။ 

သူမကိုယ်တိုင်လဲ သွားရောက်အားပေးခဲ့ပြီး ပရိသတ်တွေကိုပါ ကြည့်ရှု့အားပေးဖို့ တိုက်တွန်း လိုက်တာပဲဖြစ်ပါတယ်။ 

ထာဝရအမေ ဇာတ်ကားကြီးဟာ မိခင်မေတ္တာ ကိုဖော်ကြူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ပါဝင်တဲ့ သရုပ်တွေကလဲ ဝါရင့်ထူးချွန်သရုပ်ဆောင် တွေဖြစ်တာ ကြောင့်ပရိသတ်တွေ အနေနဲ့ထူးခြားတဲ့ ရသအစုံအလင် ကိုခံစားရမှာ ပါလို့ဆိုပါတယ်။ 

သူမရဲ့ လူမှုကွန်ယက်မှာလည်း “မိခင်မေတ္တာဖော်ကြူးထားတဲ့ အခုလို "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေး လိုက်ကြရအောင်နော် အောင်မြင်ပါစေ” ဆိုတဲ့စာသးလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ မျှေ၀ ထားတာပဲဖြစ်ပါတယ်။ 

ဝါဆိုရဲ့ လက်တလော အနုပညာလုပ်ရှားမှု အနေနဲ့ကတော့ ကြော်ငြာဓာတ်ပုံရိုက်ကူး မှုလေးတွေနဲ့ ပွဲလေးတွေမှာ သွားရောက် ဖျော်ဖြေဖြစ်နေပါတယ်လို့ ဆိုပါတယ်။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီး ကိုသွားရောက် အားပေးခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ ပုံရိပ်လေး တွေကိုလဲ ပရိသတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဝါဆိုမိုးဦး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။