ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များအတွင်း ဒုစရိုက်မှုကျူးလွန်တတ်သူများကို ရဲတပ်ဖွဲ့အနေဖြင့် ရှာဖွေဖမ်းဆီးလျက်ရှိပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်နှင့် ရွေပြည်သာမြို့နယ်များတွင် အင်တိုက် အားတိုက်ရှာဖွေခဲ့တာပါ။ ယင်းသို့ ဆောင်ရွက်ခဲ့ရာလှိုင်သာယာမြို့နယ် (၆)ရပ်ကွက်အတွင်းနှင့် ဆက်စပ်နေသောနေရာများ၊ သောင်ကြီးနယ်မြေတို့မှ ခိုးမှု၊လုယက်မှု၊ ဆိုးသွမ်းရမ်းကားသူများကို ယာဉ်စစ်ပိတ်ဆိုရှာဖွေခြင်း နှင့်နယ်မြေ လှည့်ကင်းဆောင်ရွက်ခြင်းတို့ဖြင့် ဖမ်းဆီးခဲ့ရာ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်နေ သန်းဇော်ဦး (ခ)ပိုင်ပိုင်(၂၁)နှစ်၊ အမှတ်(၁၉)ရပ်ကွက်နေ သက်ဆွေ(၂၉)နှစ်နှင့် ရွှေလင်ပန်းကျေးရွာနေ ခိုင်ထူး(ခ) ခင်မောင်ထူး(ခ) ချီးပန်း(၂၇)နှစ်တို့အား ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန် အက်ဥပဒေ ဖြင့်လည်းကောင်း ဖမ်းဆီးခဲ့ပါတယ်။ 

ဒါ့အပြင် ညောင်ကျေးရွာနေ စောထွန်းမင်း(၂၉)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ ဖြင့်လည်း ကောင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာနေ စည်သူထွန်း(၂၀)နှစ်၊ရွှေပြည်သာမြို့နယ်၊ သံလမ်းနေ မိုးဝင်း (၂၉)နှစ်နှင့် လှိုင်သာယာမြို့နယ်၊ညောင်ရွာနေ ဘိိုဘို(၂၃)နှစ်တို့အား ရဲအက်ဥပဒေဖြင့်လည်းကောင်း၊ အမှတ် (၁၁)ရပ်ကွက်နေ လှိုင်မင်းဦး(ခ)မျိုးလေး(၃၀)နှစ်အား လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်း ကောင်း၊ အတွင်းပဒံကျေးရွာနေ ကိုလင်း(ခ)လင်းထင်ဦး(၁၉)နှစ်အား တရားခံပြေးဖြင့်လည်းကောင်း၊ အမှတ်(၁၄) ရပ်ကွက်နေ လပြည့်(၂၆)နှစ်အား ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ)/၃၃(ခ)ဖြင့်လည်းကောင်း၊ အမှတ်(၁၈) ရပ်ကွက်နေ စိုးပိုင်(ခ)အငယ်ကောင်(၂၅)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်၅၄ ဖြင့်လည်းကောင်း အရေး ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။အလားတူ ရွှေပြည်သာမြို့နယ်အတွင်း၌လည်း ရွှေပြည်သာမြို့နယ်၊အမှတ် (တ/၁၅)ရပ်ကွက်နေ နိုင်လင်းဖြိုး (၂၂)နှစ်အား ရာဇသတ်ကြီးပုဒ်မ၃၅၃ဖြင့်လည်းကောင်း၊ အမှတ်(၁၈)ရပ်ကွက်နေ ဖြိုးမင်းအောင်(၂၃)နှစ်အား လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့်လည်းကောင်း၊ အမှတ်(၁၄)ရပ်ကွက်နေ ဟန်မင်းဇော် (ခ)ရွှေထူး(၂၁) နှစ်အားရဲအက်ဥပဒေဖြင့်လည်းကောင်းအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ၂၇.၁၁.၂၀၁၇ ရက်နေ့မှ ၆.၁၂.၂၀၁၇ ရက်နေ့အထိ လှိုင်သာယာ မြို့နယ်၌ ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေအရ အရေးယူမှု(၁၆)မှု၊ လက်နက် များ အက်ဥပဒေပုဒ်မဖြင့်အရေးယူမှု(၄)မှု၊ ရဲအက်ဥပဒေဖြင့်အရေးယူမှု (၁၃)မှု၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ အရေးယူမှု (၁၆)မှုနှင့် တရားခံပြေး(၂)ဦး၊ စစ်ပြေး(၄)ဦး၊ပြည့်တန်ဆာအက်ဥပဒေပုဒ်မဖြင့် အရေးယူမှု (၃)မှု၊လောင်းကစားဥပဒေဖြင့် အရေးယူမှု(၃)မှု၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူမှု(၁)မှုတို့အား ဖမ်းဆီးအရေးယူဆောင်ရွက် နိုင်ခဲ့ပြီး ရွှေပြည်သာ မြို့နယ်၌လည်း ၁၉၆၁ခုနှစ်ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေအရ အရေးယူမှု(၁၂)မှု၊ ရဲအက်ဥပဒေဖြင့် အရေးယူမှု(၁၀)မှု၊ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၄ အရအရေးယူမှု(၁၄)မှု၊ တရားခံပြေး(၁)ဦး၊ စစ်ပြေး(၁)ဦး၊ လက်နက်များအက်ဥပေဒေပုဒ်မဖြင့် အရေးယူမှု(၄)မှု လောင်းကစား ဥပဒေဖြင့် အရေးယူမှု(၁)မှု၊ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့် အရေးယူမှု(၁)မှုတို့အား ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းမြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်များက မှုခင်းပညာပေးဆောင်ရွက်ခြင်း၊ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းနှင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

Source – Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။