စိုးပြည့်သဇင်ကတော့ ရုပ်ရှင်လောကမှာ ကျရာဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်ပီပြင်လွန်းတဲ့ မင်းသမီးတစ်လက်ဖြစ်သလို စိုးမြတ်သူဇာတို့ညီမတွေရဲ့ အနုပညာမျိုးဆက် ဆိုလည်းမမှားပါဘူး။

ချစ်စရာကောင်းတဲ့ သရုပ်ဆောင် စိုးပြည့်ဟာ သူမကြားဖူးတဲ့ ပညာပေးပုံပြင်လေးတစ်ပုဒ်ပြောပြီး အခုလို ရေးသားထားပါတယ်။

"ဟောပြောပွဲလေးတခုမှာကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်.....တခါကမိန်းကလေးငယ်လေးနှစ်ယောက်တောထဲမှာလမ်းလျှောက်လာကြတယ်......အဲ့ချိန်မှာချောင်းထဲကျတော့မဲ့ကင်းမြှီးကောက်လေးတကောင်ကိုကောင်မလေးကမြင်သွားတော့သွားကယ်တာပေါ့နော်.....လက်လေးနဲ့တင်ပြီးကယ်လိုက်တယ်တဲ့ကုန်းပေါ်လည်းရောက်ရောကင်းမြှီးကောက်ဟာအဆိပ်ဂှိတဲ့သူရဲ့အမြှီးချွန်နဲ့ထိုးသွားတာပေါ့လေ....ကောင်မလေးဟာနာကျင်ပြီးကျန်ခဲ့တာပေါ့ဒါပေမယ့်ဘာမှမပြောပါဘူး......ခရီးဆက်သွားကြတယ်..

နောက်တနေရာမှာလည်း.....ဒီလိုဘဲကင်းမြှီးကောက်လေးရေထဲကျခါနီးသွားတွေ့ပြန်တယ်သူထပ်ကယ်တယ်....အသက်ဘေးကလည်းလွတ်ရောသူ့လက်ကိုအမြှီးနဲ့တုပ်သွားပြန်တယ်.....ဒီတခါမှာတော့သူ့ဘေးကအတူပါလာတဲ့အဖော်ကောင်မလေးကစိတ်ပျက်စွာပြောတော့တယ်.....နင်ဟာအမှတ်မရှိဘူး......ကိုယ်ဘယ်လောက်ကောင်းကောင်းကိုယ့်ကိုပြန်လည်ရန်ပြုသွားတဲ့ကျေးဇူးမသိတတ်သူတွေကိုဘာလို့ကယ်တာလဲတဲ့........ကောင်မလေးဘာမှမပြောဘဲပြုံးပြီးနားထောင်တယ်......ခဏကြာတော့ကောင်မလေးပြန်ပြောတဲ့စကားက.....ကင်းမြှီးကောက်ဆိုတာဘာလုပ်တတ်လဲတဲ့.........ကင်းမြှီးကောက်ဆိုတဲ့အတိုင်းသူ့အကျင့်သူ့စရိုက်သူ့ဗီဇအတိုင်းသူ့အလုပ်သူလုပ်မှာဘဲ.......သူကကင်းမြှီးကောက်မိုလို့ကင်းမြှီးကောက်အလုပ်လုပ်တာ......ငါကလူလေတဲ့.....လူဆိုတာလူ့အလုပ်ဘဲလုပ်တယ်တဲ့.........

ဒီလိုပါဘဲလောကမှာကိုယ်ဘယ်လောက်ကောင်းကောင်းကိုယ့်အပေါ်မှာစေတနာနဲ့မတန်အောင်ရန်ပြုသွားတဲ့သူတွေအများကြီးပါဘဲ......ဒါဟာကင်းမြှီးကောက်လိုလူမျိုးတွေပါဘဲ......ဒီလိုလူတွေနဲ့တနး်မညှိချင်ပါနဲ့.....ကိုယ့်ကိုကိုယ်သာလူပီသတဲ့လူဖြစ်ဖို့ကြိုးစားပါ....စေတနာမပျက်သွားပါနဲ့နော်.....လူနဲ့ကင်းမြှီးကောက်ဆိုတာအဆင့်ချင်းကွာပါတယ်လေနော်.....လူ့အသိဉာဏ်ရှိတဲ့လူတစ်ယောက်ဘဲဖြစ်ချင်တာမို့.........ကြိုးစားလျက်"" ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စ်ပေါ် ရေးသားထားတာပါ။

တတိယနှစ်မြန်မာစာ ဖြေထားတဲ ့ကျောင်းသူလေး စိုးပြည့်ရဲ့ စိတ်ထားလေးကတော့ ချီးကျုးစရာပါပဲနော် ပရိသတ်ကြီးရေ။

Source : Soe Pyaethazin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။