မြန်မာနိုင်ငံမှာတော့ ဘဏ်လုပ်ငန်းများစွာ ရှိပါတယ်။ ယခုအခါတွင်လည်း ပြည်တွင်းဘဏ်အသစ်၅ခု ဖွင့်ခွင့်ရရှိခဲ့ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်သမ္မတရုံးက ပြည်တွင်းဘဏ်အသစ်ငါးခုကို ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်အား ညွှန်ကြားခဲ့ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။ ယခုထပ်မံခွင့်ပြုမည့် ဘဏ်ငါးခုသည် ဘဏ်ဖွင့်ခွင့်ရရန် အချိန်ကြာမြင့်စွာလျှောက်ထားခဲ့ရကြောင်း သိရှိရပါတယ်။

ထို့နောက် ဒီဇင်ဘာ ၁ရက်တွင် သမ္မတရုံးက ဗဟိုဘဏ်သို့ ဘဏ်ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားစာ ရောက်လာကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။ အသစ်ခွင့်ပြုမည့် ဘဏ် များမှာ Myanmar Tourism Bank (မြန်မာ့ခရီးသွားလုပ်ငန်း ဘဏ်)၊ Mineral Development Bank (သတ္တုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်)၊ Glory Farmer Develo-pment Bank (ဂုဏ်ထူးဆောင် တောင်သူလယ်သမားဖွံ့ဖြိုးတိုး တက်ရေးဘဏ်)၊ Mandalay Farmer Development Bank (မန္တလေးလယ်သမားများဖွံ့ဖြိုး တိုးတက်ရေးဘဏ်)နှင့် Shwe Nann Saw Bank (ရွှေနန်းစော ဘဏ်)တို့ ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုပါတယ်။ 

မြန်မာ့ခရီးသွားလုပ်ငန်း ဘဏ်သည် ဒီဇင်ဘာ၁ရက်တွင်သမ္မတရုံးကခွင့်ပြုချက်ရခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကြည်သိန်းက ပြောကြားခဲ့ပါတယ်။ အဆိုပါ ဘဏ်အနေဖြင့် ခရီးသွားကဏ္ဍတွင် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာ အထောက်အကူ ပြုရန်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။ ‘‘ရုံးချုပ်ကတော့ ရန်ကုန်မှာ ပေါ့။ နေပြည်တော်နဲ့ မန္တလေးမှာ ဘဏ်ခွဲဖွင့်မယ်။ နိုင်ငံခြားဘဏ် တွေနဲ့ ချိတ်ဆက်ပြီး ပြည်တွင်းက ခရီးသွားလုပ်ငန်းတွေ ချေးငွေရ အောင် လုပ်ပေးသွားမယ်’’ဟု ၎င်းက ဆက်လက်ပြောကြားပါတယ်။ အဆိုပါဘဏ်များဖွင့်လှစ် ရန် ဘဏ်တစ်ခုလျှင် ကျပ်ဘီလီယံ ၂၀ ဖြင့် မတည်ရမည် ဖြစ်ကြောင်းသိရှိရပါတယ်။ လက်ရှိတွင် ဗဟိုဘဏ်က ခွင့်ပြုထားသော ပြည်တွင်းဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ်ခွဲ ၁၃ခုရှိပါတယ်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။