မုဒိန်းမှုဆိုတာကတော့ ယခုထက်ထိကျူးလွန်နေကြဆဲဖြစ်သည့် မူခင်းကြီးတစ်ခုဖြစ်ပါတယ်။ ယခုအခါတွင် အမျိုးသားတစ်ဦးမှ မိခင်နှင့်ဆွေမျိုးထဲကမိန်းမပျိုတို့အတွက် မုဒိန်းမှုမှကာကွယ်နိုင်မည့် ဖိနပ်ကိုတီထွင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ ဟိုင်ဒါရာဘတ်မြို့တွင်နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူ၏နာမည်ကတော့ ဆစ်ဒါ့သ်မန်ဒါလာပဲဖြစ်ပါတယ်။

ဆစ်ဒါ့သ်မန်ဒါလာ၏အသက်မှာ ယခုမှ ၁၈နှစ်သာရှိသေးပါတယ်။ သူ့အနေဖြင့် တစ်နိုင်ငံလုံး၌မုဒိမ်းဖြစ်ပေါ်နေသည်ကို ကြားသိပြီးနောက်ပိုင်းမှာ ကာကွယ်နိုင်ရန် တစ်ခုခုကို တီထွင်ခဲ့တာဖြစ်ပါတယ်။ ဆစ်ဒါ့သ်မန်လာသညိ မိခင်နှင့်မိသားစုထဲမှ အမျိုးသမီးများကိုစိုးရိမ်သည့်အတွက် မု ဒိမ်းသမားများရန်မှကာကွယ်နိုင်သည့် ခြေညှပ်ဖိနပ်ကို တီထွင်ဖန်တီးခဲ့တာပါ။ ဆစ်ဒါ့သ်မန်လာသည် ၂၀၁၂ ခုနှစ်က မုဒိမ်းမှုဆန့်ကျင်ဆန္ဒ ပြပွဲတစ်ခု၌ပါဝင်ခဲ့ရာတွင် ဆန္ဒပြပွဲများက မုဒိမ်းမှုများကိုဖြေရှင်းနိုင်မည်မဟုတ်ဘဲ လက်တွေ့ကျသည့်နည်းကိုဖန်တီးရန် ဆုံးဖြတ်ခဲ့တာပါ။ 

မန်ဒါလာတီထွင်ခဲ့သည့် ခြေညှပ်ဖိနပ်သည် မုဒိမ်းသမားရန်မှ လွတ်အောင်ထွက်ပြေးနိုင်မည့်စက္ကန့်ပိုင်းစာ အချိန်ကိုဖန်တီးပေးနိုင်ရုံသာမက တစ် ချိန်တည်းတွင် အနီးဆုံးရဲစခန်းနှင့်မိသား စုဝင်များကိုလည်း ဒုက္ခရောက်နေပြီဖြစ် ကြောင်း အချက်ပေးအကြောင်းကြားနိုင် သည်။နေ့စဉ်လျှောက်နေသည့်ခြေလှမ်း များဖြင့်ဖြင့်ဖိနပ်ကိုစွမ်းအင်ပေးနိုင်ပြီး မန် ဒါလာက “အမျိုးသမီးတွေက ကိုယ့်ကိုယ် ကိုယ်ကာကွယ်ဖို့ စပရေးဘူးတို့၊ကျဉ်စက် တို့ယူသွားဖို့မေ့နေတတ်ကြပါတယ်။ဒီလို ခြေညှပ်ဖိနပ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စီးသွားရမှာဆိုတော့ မေ့စရာမလိုတော့ ဘူးပေါ့။အန္တရာယ်နဲ့ကြုံလာရင် ခြေမနေ ရာကို ငါးစက္ကန့်လောက်ဖိထားပြီး မုဒိမ်း ကောင်ကိုကန်လိုက်တာနဲ့ ၀.၁ အမ်ပီယာ နဲ့လျှပ်စစ်ရှော့ခ်ရိုက်ပြီးသားဖြစ်သွားမှာ ပါ။အဲဒီလူက နှစ်စက္ကန့်လောက်မလှုပ်နိုင် တော့ဘူးဆိုရင် ထွက်ပြေးလို့ရပါပြီ”ဟု ဆို ခဲ့သည်။မန်ဒါလာက ၎င်း၏ခြေညှပ်ဖိ နပ်ကို ဈေးကွက်သို့ဖြန့်ဖြူးနိုင်ရန်ကြိုးပမ်း နေဆဲဖြစ်သည်။

Source – Mirror , Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။