မြောက်ကိုရီးယားနိုင်ငံကတော့ စားနပ်ရိက္ခာ မပြည့်စုံသည့်နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားမှ ပြည်သူများအနေဖြင့် မကြာခဏဆိုသလို တိုင်းပြည်မှ ထွက်ပြေးရလေ့ရှိပါတယ်။ ထိုအထဲမှ အဓိက အကြောင်းအရာတစ်ခုကတော့ စားနပ်ရိက္ခာမလုံလောက်တာပါ။ သို့သော် မြောက်ကိုရီးယားအစိုးရကမှု စားနပ်ရိက္ခာမလုံမှုကို ၀န်မခံပေ။

ယခုအခါလည်း ဂျပန်နိုင်ငံသို့ ထူးဆန်းသော လှေများဆိုက်ရောက်လာပါတယ်။ အဆိုပါ လှေများမှာ လူသေအလောင်းများသာ ပါ၀င်ခဲ့သည်ကို ထူးဆန်းစွာတွေ့ရှိရပါတယ်။ အဆိုပါ လူသေများဖြင့်ပြည့်နေသော လှေများသည် ဂျပန်ဆိပ်ကမ်းသို့ ဆက်တိုက်ဆိုသလိုရောက်ရှိလာတာပါ။ အဆိုပါ လှေများကို မြောက်ကိုရီးယားတစ္ဆေလှေများဟု ခေါ်ဝေါ်နေကြပါတယ်။

အဆိုပါ လှေများသည် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အသက်ရှင်သန်နိုင်ဖို့ရာ လှေများဖြင့် ထွက်ပြေးလာရင်း ပင်လယ်ပြင်တွင် သေဆုံးခဲ့ ရသည့် မြောက်ကိုရီးယားပြည်သူများ၏အလောင်းများဖြစ်နိုင်ကြောင်း ဂျပန်အစိုးရကပြောပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလတစ်လအတွင်း၌ပင် လူသေအလောင်းများပါလာသည့် မြောက်ကိုရီးယားလှေ ၂၈စီး ဂျပန်နိုင်ငံသို့ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အာဏာပိုင်များက ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။ ထိုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပြည်သူအများအပြားအငတ်ဘေးဆိုက်ကာ ဒုက္ခပင်လယ်ဝေနေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်မှာမူ အာလူးစက်ရုံနှင့် အစားအစာစက်ရုံများသို့ လည်ပတ်နေကြောင်း သိရှိရပါတယ်။

Source – Daily Mail , Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။