ဂျပန်နိုင်ငံမှာ လက်ရှိရေပန်းစား လူကြိုက်များတဲ့ အားကစားနည်းများ တွင် ရိုးရာဆူမို နပန်း အားကစားနည်းဟာ တစ်ခုအပါ၀င်ဖြစ်ပါတယ်။ ဆူမို နပန်းဟာမြန်မာ လူမျိုးများနှင့် အရမ်းဝေးကွာနေသော အားကစားနည်းတစ်မျိုးမဟုပ်ပါဘူး။ မြန်မာ့နိုင်ငံတွင် နေရာဒေသ အများအပြားတွင် နပန်း အားကစားနည်းများ ကစားလေ့ရှိကြပါတယ်။ မြန်မာတွေ အသုံးအနှုန်းအရ ရခိုင်နပန်း အားကစားနည်းပင်ဖြစ်ပါတယ်။ 

နပန်းအားကစားနည်းကို လက်ရှိဂျပန်နိုင်ငံတွင် အနောက်နိုင်ငံသားများ များစွာလာရောက်ကစားလေ့ ရှိပြီး အာရှ နိုင်ငံ အများအပြားတွင်လည်း ကစားလေ့ရှိကြပါတယ်။ ဆူမို အားကစားနည်းကို ဂျပန်နိုင်ငံတွင် ၁၅၀၀ မှ ၂၀၀၀ ခုနှစ်ထိ နံပါတ်တစ် အားကစားနည်းတစ်ခုပင်ဖြစ်ပြီး လက်ရှိတွေ ပြန်လည်ခေတ်စားလာသော အားကစားနည်းပင် ဖြစ်ပါတယ်။ ဂျပန်ဆူမို အားကစားရဲ့ နာမည်ကြီး ကစားသမား ဟာရုမဖုဂျိ ဟာသူ့ရဲ့ ကစားပုံများနှင့် အတူ တနေ့တာလုပ်ဆောင်ချက်များကို ဂျပန်မီဒီယာများမှတဆင့်ပြောပြခဲ့ပါတယ်။

ကမ္ဘာ့ကအသိအမှတ်ပြု အားကစားနည်းတစ်မျိုးဖြစ်တဲ့ ဂျပန်ရိုးရာ ဆူမိုနပန်း အားကစားနည်းကို ဂျပန်နိုင်ငံတွင်သာမက အခြားဥရောပနိုင်ငံများတွင် စတင်ကစားလာသည် ကို တွေ့ရပါတယ်။ ပရိသတ်ကြီးကို ကမ္ဘာ့အသိအမှတ်ပြု ဆူမို အားကစားနည်းအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

Source- AN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။