ယခု ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအရ လူကုန်ကူးမှုစုစုပေါင်း နှစ်ရာကျော်အထိ ရှိလာခဲ့တယ်လို့သိရပါတယ်။ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန် အထိ လူကုန်ကူးမှုပေါင်း(၂၀၉) မှုဖြစ်ပွား ခဲ့တယ်လို့ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန် ချက်များ အရ သိရပါတယ်။ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသများကတော့ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုဒေသများမှ လူကုန်ကူးခံရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ပြီး အရွယ်မရောက်သေးတဲ့ ကလေးသူငယ် များလည်းပါဝင်နေတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။လူကုန်ကူးမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ (၅၄)မှုဖြစ်ပွားခဲ့ပြီး၊ ဒုတိယအများဆုံးဖြစ်ပွားခဲ့တဲ့ရှမ်းပြည်နယ်မှာတော့(၅၂)မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လူကုန်ကူးမှု ကျူးလွန်ခဲတဲ့ တရားခံစုစုပေါင်းမှာ (၆၀၉)ယောက်ရှိခဲ့ပြီး ၎င်းတို့ရဲ့သားကောင်အဖြစ် လူကုန်ကူးခံရသူ စုစုပေါင်းမှာတော့ (၃၃၄)ဦးရှိလာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလဲ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနှင့် လူကုန်ကူးမှုလျော့ နည်းပပျောက်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ပြည်သူလူထုအနေနဲ့ လည်းပူးပေါင်း ပါဝင်ကြရန တိုက်တွန်းနှိုးဆော် မှုတွေပြုလုပ်နေတယ်လို့လဲသိရပါတယ်ထားသည်။

Source - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။