သက်တန့်တွေဆိုတာကတော့ မိုးရွာပြီးချိန်ဆို ပေါ်ပေါက်လာလေ့ရှိပါတယ်။ သက်တန့်ဆိုတာကတော့ အရောင်ခုနှစ်ရောင်နှင့် အလွန်ကိုလှပပါတယ်။ သို့သော် သက်တန့်တွေက ခဏတာပဲ ပေါ်ပေါက်ကြတာပါ။ ယခုတင်ပြပေးမယ့် သက်တန့်ကတော့ အခြားသက်တန့်တွေနှင့်မတူဘဲ ထူးဆန်းပါတယ်။ 

အဆိုပါ သက်တန့်ကကြီးမားကာ ကောင်းကင်ပေါ်တွင်ကိုးနာရီကြာ တည်ရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုသက်တန့်သည် ထိုင်ဝမ်ကောင်းကင်ယံတစ်နေရာ တွင်ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မနက် ရ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပေါ်ခဲ့တာပါ။ ဒါ့ကြောင့် ထိုသက်တန့်ကြီးသည် ကမ္ဘာ့ အချိန်အကြာဆုံးမြင်တွေ့နိုင်သည့်သက်တန့်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ 

ယခင်စံချိန်မှာ ၁၉၉၄ ခုနှစ်က ဗြိတိန်နိုင်ငံ ရှက်ဖီးလ်မြို့တွင်ဖြစ်ပေါ်ခဲ့ သည့်သက်တန့်ဖြစ်ပြီး ခြောက်နာရီကြာမြင် တွေ့ခဲ့ရတာပါ။ ယခုသက်တန့်သည် ထိုင်ဝမ်မြောက်ပိုင်းကိုမုတ် သုန်လေသက်ရောက်လာပြီဖြစ်သည့်အ အတွက် ယင်းသို့သက်တန့်ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ယခုမုတ်သုန်လေသည် တစ်စက္ကန့်လျှင် ၆ လက်မမှ ၁၂ လက်မ အကွာအဝေးနှုန်းဖြင့်သာ နှေးကွေးစွာ တိုက်ခိုက်သည့်အတွက် သက်တန့်တည်ရှိ သည့်အချိန်ကြာမြင့်ရခြင်းဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုခဲ့ပါတယ်။

Source – Mirror, Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။