သရုပ်ဆောင်လင်းဇာနည်ဇော်ဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အနုပညာလမ်းကြောင်း ပေါ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမမှာ သူမ နဲ့ရုပ်ချင်းတူတဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ဘဝကိုအေးအေးလူလူ ဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။ အသက်လေးဆယ် ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် အခုချိန်ထိဆယ်ကျော်သက်တွေနဲ့ယှဉ်လို့ရနိုင် လောက်တဲ့ အလှတရားတွေ သူမစီမှာ အပြည့်အဝရှိလို့နေပါသေးတယ်။

လက်ရှိမှာတော့ သူမက မြဝတီမြို့ကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့အမိုက်စားဓာတ်ပုံတွေ ကိုလည်း Facebook မှာ တင်ထားပါသေးတယ်။ အောင်မြင်မှုကိုကြာရှည်စွာ ထိန်းသိမ်း ထားနိုင်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး ပရိတ်သတ်အချစ်တွေ လုံးဝမလျော့သွားအောင် ယနေ့ထက်တိုင်ဆွဲဆောင်ထားနိုင်သူ တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သူမရဲ့ကျန်းမာရေး နဲ့ပက်သက်လို့ ဆေးရုံတက်ခဲ့ရတာကြောင့် ပရိတ်သတ်တွေက စိတ်ပူခဲ့ရပါသေးတယ်။ သူမ ရဲ့ချစ်စဖွယ်သမီးလေး မြူနှင်းကိုကိုကတောင် ပရိတ် သတ်တွေကို စိတ်မပူစေဖို့နဲ့ မိခင်ရဲ့ ကျန်းမာ ရေးဟာ သက်သာအဆင်ပြေနေပြီဖြစ်ကြောင်းကို ပြော ကြားခဲ့ပါသေးတယ်။

အနက်ရောင်အင်္ကျ ီအကြာလေးကို အနက်ရောင်စတိုင်ဘောင်းဘီနဲ့ လိုက်ဖက်စွာတွဲဖက် ဝတ်ဆင်ထား တဲ့ သူမရဲ့ပုံစံက အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက်လို့တောင် ထင်မှတ်မှားစေပါတယ်။ Single Mother ဘဝနဲ့ သမီးဖြစ်သူကို အကောင်းဆုံးပျိုးထောင် ပေးနိုင်တဲ့ အရည်းအချင်းပြည့်ဝတဲ့ မိခင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီး လင်းဇာနည်ဇော်ရဲ့ မြဝတီမြို့ကို ခရီးသွားနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင် ဆက်ပေးလိုက်ပါတယ်။

Photo – Lin Zarni Zaw’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။