နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ စမိုင်းလ်ကတော့ ပရိသတ်တွေနဲ့ ဆယ်နှစ်လောက် အဆက်သွယ်ပြတ်ပြီးနောက်မှာ အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာသူဖြစ်ပါတယ်။

စမိုင်းလ်ဟာ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ လေးစားအားကျမှုတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝလေးပိုင်ဆိုင်ထားရသူပါ။ သူမတို့မိသားစုဟာ အလှုအတန်းတွေမကြာခဏလုပ်လေ့ရှိပြီး အလှုရေစက်လက်နဲ့မကွာတဲ့ မိသားစုလေးအဖြစ် နာမည်ကြီးနေတာဖြစ်ပါတယ်။

ယနေ့ဒီဇင်ဘာလ(၈)ရက်မနက်အာရုံတက်ချိန်မှာတော့ စမိုင်းလ်ဟာ သူမရဲ့ ယောဂီ(၃)ရက်အဓိဌာန်အောင်မြင်လို့ သစ်တံခါးကျောင်းတိုက်မှာ ထမင်းဆီဆမ်း နဲ့ ပဲပြုပ်အလှုကို လူအယောက်တစ်ထောင်စာ ကျွေးမွေးဒါနပြုခဲ့ပါတယ်။

အာဟာရဒါနလုပ်နေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ ကြည်နူးဖွယ်ရာပီတိအပြုံးတွေကို သူမကိုယ်တိုင်ဖေ့ဘုတ်မှာတင်ထားတဲ့ ပုံလေးတွေကြည့်တာနဲ့ သိနိုင်ပါတယ်။

“ယောဂီ ၃ ရက်အဓိဠာန်အောင်မြင်ခြင်းအနေဖြင့် မနက်အာရုံ ထမင်းဆီဆမ်း ပဲပြုတ်အလှူ လူတစ်ထောင်စာ ဗူး ၁၀၀၀ အရမ်းကိုပီတိဖြစ်ရတဲ့အလှူလေးပါ.. သူတို့တွေမနက်ပိုင်းအလုပ်သွားတဲ့အချိန်ပူပူလေးစားဖို့အစောကြီးထလုပ်ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်” လို့ သူမရဲ့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

စမိုင်းလ်တို့မိသားစု ဟာ နေအိမ်မှာလည်း သံဃာတော်တွေကို သုံးသိန်းတန်ပုစွန်လုံး နဲ့ ကပ်လှုခဲ့ပြီး ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် စီးပွားရေးတောင့်တင််းခိုင်မာပေမယ့် အလှုတန်းတွေအမြဲလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့မိသားစုလေးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်

Source : Smile Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။