ဒီဇင်ဘာလ ၆ ရက်နေ့ မနေ့ ကမနက် (၁၀)နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ လုပ်ငန်းခွင်အတွင်း ဘတ်ဟိုးယာဉ်ဖြင့် ထိခိုက်မှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ အမျိုးသား (၁) ဦးသေဆုံးခဲ့တယ် လို့ သိရပါတယ်။ဖားကန့်မြို့နယ်၊ ဆုထူးပန်ကျောက်မျက် ကုမ္ပဏီလုပ်ငန်းခွင်အတွင်း သိန်းမင်းဇော်(၃၀)နှစ်၊ မောင်းနှင်သည့် VOLVO A7-xxx ဘက်ဟိုးယာဉ်မှ မြေစာကော်ယူနေစဉ် ရေမဆေးကျောက် ရှာဖွေနေသော သိန်းမင်းစိုး(၂၄)နှစ်အား ဘတ်ဟိုးယာဉ်ရဲ့ ဂေါ်ပြားဖြင့် ထိခိုက်မိခဲ့ပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါ ဘတ်ဟိုးယာဉ်ဖြင့် ထိခိုက်မှုကြောင့် ယာခါးညိုမဲဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း နေ့လည် (၁၂) နာရီ အချိန်တွင် သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ၎င်းဖြစ်စဉ်ကြောင့် ဘတ်ဟိုးမောင်းနှင်သူ သိန်းမင်းဇော် အား ဖားကန့်မြို့မရဲစခန်းတွင် ယာဉ်(ပ)၃၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိတာပဲဖြစ်ပါတယ်။  

ထို့အပြင် မနေ့က မနက် (၈)နာရီခွဲ အချိန် ခန့်ကလဲ ဖားကန့်မြို့နယ် ဝါကျဲ(၇) လုပ်ကွက်အတွင်းရှိ မြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေသူ ၁ ဦးအပေါ် မြေစာများပြိုကျရာမှ သေဆုံးခဲ့မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

သတင်းအရင်းအမြစ် - MUNA(ပြည်ထဲရေးဝန်ကြီးဌာန) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။