ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲမှာ ဘာစီလိုနာ၊ PSG ကဲ့သို့ အသင်းကြီးတွေနဲ့ တွေ့ဆုံမှာကို စိုးရိမ်မှုမရှိဘူးလို့ ကွန်တီက ပြောကြားခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်းနဲ့ သရေကြခဲ့တာကြောင့် အုပ်စုပထမနေရာနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။အုပ်စု ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပြီး ၁၆ သင်းရှုံးထွက်အဆင့် တတ်လှမ်းခဲ့တာလည်းဖြစ်ပါတယ်။

အုပ်စုပထမ နေရာကို ရိုးမားအသင်းက ရယူခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းနဲ့ ရိုးမားအသင်းဟာ ရမှတ်တူညီနေခဲ့ပေမဲ့ ရိုးမားအသင်းက ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရရှိခဲ့တာကြောင့် အုပ်စုပထမနေရာရရှိခဲ့တာလည်းဖြစ်ပါတယ်။တစ်ခြားအုပ်စုတွေရဲ့ အုပ်စု ပထမရရှိထားတဲ့ အသင်းတွေနဲ့ ချဲလ်ဆီးအသင်းဟာ တွေ့ဆုံသွားရမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာ၊ PSG ၊ ဘတ်ဆစ်တပ် အသင်းတွေထဲက တစ်သင်းနဲ့ တွေ့ဆုံရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ၆ ပွဲကစားထားပြီးနောက် ၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် မှာ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာက မန်ယူအသင်းနဲ့ ၃ မှတ်ကွာဟနေခဲ့တာဖြစ်ပြီး အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ၁၁ မှတ် ကွာဟနေတာလည်းဖြစ်ပါတယ်။ 

source - MIRROR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။