တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း Kpop အဆိုတော်အဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် Luhan နဲ့ သူမတို့ရဲ့ သမီး နဲ့ သဘောမတူကြောင်း Guan Xiaotong ရဲ့ မိဘတွေက ပြောလာပါတယ်..။
တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Toutiao ရဲ့ ဖော်ပြချက်အရ Guan Xiaotong ရဲ့အမေက EXO အဖွဲ့ဝင်ဟောင်း Luhan နဲ့သဘောမတူကြောင်း အပြင်းအထန် ငြင်းဆိုနေခဲ့တယ်လို့သိရပါတယ်..။
အသက်(၂၇)နှစ် ရှိပြီဖြစ်တဲ့ EXO အဖွဲ့ဝင်ဟောင်း Luhan နဲ့ အသက်(၂၀) တရုတ်မင်းသမီး Guan Xiaotong တို့ အသက်(၇)နှစ် ကွာခြားတဲ့ ချစ်သူတွေဖြစ်ကြပြီး မကြာသေးခင်ကမှ သူတို့နှစ်ယောက် ဟာ ချစ်သူတွေဖြစ်နေကြောင်းကို အတည်ပြုပြောကြားထားတာ ဖြစ်ပါတယ်..။
Luhan နဲ့ Guan Xiaotong တို့ဟာ ချစ်သူတွေဖြစ်ကြောင်း အောက်တိုဘာလက အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး သူတို့ဟာ မကြာခင်မှာ လက်ထပ်ဖို့တောင် စီစဉ်နေပြီလို့ သိရပါတယ်..။
ဒါပေမဲ့ တရုတ်မင်းသမီး Guan Xiaotong ရဲ့ မိခင်က သူတို့နှစ်ယောက် လက်ထပ်ဖို့အတွက်ကို သဘောမတူဘူးလို့ ဒီဇင်ဘာ(၇)ရက်နေ့က တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Toutiao က ဖော်ပြရေးသားထားပါတယ်..။
အောက်တိုဘာလ ကတည်းက လက်ထပ်ဖို့အတွက် စီစဉ်နေကြပေမယ့် ဒီဇင်ဘာ ၇ ရက်မှာ ထွက်ရှိလာတဲ့ Toutiao ရဲ့သတင်းမှာတော့ သူတို့စုံတွဲဟာ Guan Xiaotong ရဲ့ မိခင်ရဲ့ ကန့်ကွက်မှုကြောင့် လက်ထပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်..။
Guan Xiaotong ရဲ့အမေက သူမရဲ့သားမက်ဖြစ်လာမယ့် သူဟာ သူမ လိုချင်တဲ့ အဓိက အချက်သုံးချက်နဲ့ ပြည့်စုံရမယ်လို့ပြောခဲ့ပါတယ်..။
ပထမဆုံးတစ်ချက်က တာဝန်ယူ တာဝန်ခံတတ်တဲ့ စိတ်ရှိဖို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ ခွဲစိတ်ပြုပြင်ထားသူမဟုတ်ဘဲ သဘာဝ အတိုင်း ချောမော ခန့်ညားရမယ်..။ နောက်ဆုံး တတိယ အချက်ကတော့ မိန်းမ မဆန်တဲ့သူ ဖြစ်ရမယ်လို့ သိရပါတယ်..။
Luhan ဟာ Flower Boy ပုံစံနဲ့ နာမည်ကျော်ကြားတဲ့ စတားတစ်ယောက် ဖြစ်ပြီး Guan Xiaotong ရဲ့အမေက Luhan ဟာ သူ့မရဲ့လိုအပ်ချက် နှစ်ချက်နဲ့ မကိုက်ညီတာကြောင့် လက်မခံတာ ဖြစ်တယ်လို့ ကောလဟလတွေ ထွက်နေတာ ဖြစ်ပါတယ်..။
Guan Xiaotong အမေရဲ့ နောက်ထပ် အကြောင်းပြချက်တခုကတော့ သူမရဲ့သမီး Guan Xiaotong အသက် (၂၈) နှစ်ပြည့်မှသာ လက်ထပ်စေချင်တာ ဖြစ်ပြီး အခုအခါမှာတော့ အသက် (၂၀) ပဲရှိသေးပြီး ငယ်ရွယ်သေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်..။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတော့ Guan Xiaotong မှာ ကိုယ်ဝန်ရှိနေတယ်လို့ ကောလဟလ သတင်းတွေ ထွက်ခဲ့ပါသေးတယ်..။
Source - Allkpop
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။