အောင်ခိုင်နဲ့ဝါဝါအောင် ဆိုတာကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာ မလိုလောက်အောင် သိနေကြ ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် တွေပဲဖြစ်ပါတယ်။ ဇာတ်ပို့ဇာတ်ရန် လောကမှာ အောင်မြင်မှု ကိုယ်စီနဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုတွေပါ ရရှိပိုင်ဆိုင်ထားတဲ့ အထိ ထူးချွန်ကြတဲ့ သရုပ်ဆောင် ဇနီးမောင်နှံ ပဲဖြစ်ပါတယ်။ဝါသနာပါရာ အနုပညာလုပ်ငန်း တွေကို လုပ်ကိုင်ရင်း သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြ သူတွေပဲဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာလည်း ဆင်လေးမိုမိုနဲ့ အတူကြည်နူးစရာ ကောင်းတဲ့ ဝါဝါအောင် တို့ဇနီးမောင်နှံ ရဲ့ပုံရိပ်လေးတွေ ကိုမြင်တွေ့ ရတာပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဇနီးမောင်နှံနှစ်ယောက်ဟာ မိုမိုလေးနဲ့ အတူအမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ကြပြီး ပျော်ရွှင် နေကြတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ပျော်ရွှင်ကြည်နူး စရာကောင်းတဲ့ ဝါဝါအောင် တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေပါ အပျော်တွေ ကူးဆက်ပြီး ပျော်ရွှင်နေကြ ရတာပဲဖြစ်ပါတယ်။  

အောင်ခိုင်နဲ့ဝါဝါအောင် တို့ဇနီးမောင်နှံလေးဟာ သူတို့ရဲ့ အနုပညာခြေလှမ်း အသစ်ဖြစ်တဲ့ “မိုးကောင်းကင်အိမ်မက်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ လေးကိုရိုက်ကူး ပုံဖော် နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းလေး တစ်ခုကို ရိုက်ကူးရန် ဦးဖိုးကျားဆင်စခန်း ကိုရောက်ရှိ နေခဲ့တာ ဖြစ်ပြီးဆင်လေးနဲ့ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေး တွေကိုလဲ ဝါဝါအောင်ဟာ သူမရဲ့ လူမှုကွန်ယက်ကနေ မျှေ၀ ထားတာပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်း တဲ့ဝါဝါအောင်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဝါဝါအောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။