Jonelle Filigno

Filigno ဟာ ကနေဒါနိုင်ငံကိုယ်စားပြု ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားမှာ စတင်ပါ၀င် ကစားခဲ့ပါတယ်။ 

Anouk HOOGENDIJK

သူမကတော့ နယ်လာလန် ကိုယ်စားပြု ကစားသမားဖြစ်ပြီး အေဂျက် အမျိုးသမီးအသင်းမှာလည်း ပါ၀င်ကစားနေတာဖြစ်ပါတယ်။ 

LAUREN SESSELMANN

အသက် (၃၁) အရွယ်ရှိတဲ့ သူမဟာ ကနေဒါနိုင်ငံရဲ့ လက်ရွေးကစားမားဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ၂၀၁၅မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ကနေဒါလက်ရွေးစင်မှာ မပါ၀င်ပဲ ချန်လှပ်ခံခဲ့ရပါတယ်။ 

KASOVARE ASLLANI

Asllani ကတော့ အသက်(၂၅) နှစ်အရွယ်ရှိပြီး ဆွီဒင်လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ပီအက်စ်ဂျီ အမျိုးသမီးမှာ ကစားနေပါတယ်။

JULIA SIMIC

အသက်(၂၅) နှစ်အရွယ်ရှိတဲ့ သူမဟာ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းဖြစ်ပြီး မကြာသေးခင်ကမှ ၀ုဖ်ဘတ် အမျိုးသမီး အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူမဟာဂျာမနီလက်ရွေးစင် အသင်းအတွက် ၂၀၁၅ခုနှစ် ကမ္ဘာ့ပြိုင်ပွဲကနေစတင် ပါ၀င်ကစားပေးခဲ့ပါတယ်။

TONI DUGGAN

လှပတဲ့ မျက်ဝန်းနဲ့ သူမဟာ မန်စီးတီးအမျိုးသမီးအသင်းမှာ ကစားနေပြီး အင်္ဂလန်လက်ရွေးစင်မှာ ကစားနေပါတယ်။

ALEX MORGAN

Morgan ဟာအမေရိကန် လက်ရွေးစင်မှာ အသင်းခေါင်းဆောင်အဖြစ် ပါ၀င်ကစားနေပြီး အသင်းအတွက် လက်ရှိအချိန်အထိ ပွဲပေါင်း (၈၅)ပွဲ ကစားပေးခဲ့တာပဲဖြစ်ပါတယ်။

CORINE FRANCO

သူမဟာ လိုင်ယွန်အမျိုးသမီးရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ၂၀၁၅ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း ပါ၀င်ကစားပေးခဲ့ပါတယ်။ 

Source : Total Sportek ( Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။