အဆိုတော်သရုပ်ဆောင် ပိုပိုကတော့ သိုင်းလောကထဲကို၀င်ဖို့ပြင်ဆင်နေပါပြီ။ပိုပိုကိုချစ်တဲ့ ကတော့အံသြကုန်ကြပါပြီ။တကယ်ပဲ သိုင်းလောကထဲကို ၀င်တော့မှာလားဆို ပရိသတ်တွေဆက်ပြီးဖတ်ကြည့်ရင်သိမှာပါ။ပရိသတ်အချစ်တော်ပိုပိုဟာ ဒီဇင်ဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံကို လည်ပတ်ဖို့အတွက် ခရီးထွက်ခဲ့တာလည်းဖြစ်ပါတယ်။

သူမကတော့ တရုတ်နိုင်ငံမှာအပျော်ကြီးပျော်နေပြီး တရုတ်ရှောင်လင်ကျောင်းကိုလည်းလည်ပတ်ခဲ့ပါတယ်။သူမရဲ့ဖေ့ဘုတ်မှာတော့ ဓာတ်ပုံတွေနဲ့အတူစာတွေကို အခုလိုပဲရေးသားထားပါတယ် “တရုတ်နိုင်ငံရဲ့ နာမည်ကြီး ရှောင်လင်ကျောင်း သို့ သွားရောက်လည်ပတ်ခဲ့ပါတယ် 

(သိုင်းလောကထဲ ဝင်ဖို့ သွားလေ့လာခဲ့)” “ချစ်သူကို ကာကွယ်ဖို့ ရှောင်လင်ကျောင်း က သိုင်းသင်ပြီး ပြန်ခဲ့မယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ်။သူမကတော့ ဇန်ဇူးပြည်နယ်မှာ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေပါတယ်။

source - po po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။