အမျိုးသမီးများရဲ့နိုသီးခေါင်းဟာ တစ်ဦးနဲ့တစ်ဦးအရွယ်အစားပုံစံမတူညီကြပါဘူး၊ အရောင်းအဆင်လည်း မတူ ညီကြပါဘူး၊ပန်းနုရောင်၊အနီရောင်၊ အညိုရင့်ရောင် စတဲ့အရောင်တွေကတော့ နို့သီးခေါင်းရဲ့ အရောင်လေး တွေဖြစ်ပါတယ်၊ ကိုယ်အလေချိန်တက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာလည်း ရှိတဲ့အရွယ်အစား ထက်ပိုကြီးနေတတ်ပါတယ်။ အရောင်တွေလည်းပြောင်းတတ်ပါတယ်၊ ကိုယ်ဝန်ဆောင်နေစဉ် ပြောင်းတဲ့ အရောင်ဟာ ရာသာပန်တည်ရှိတဲ့ အရောင်ဖြစ်သွားတတ် ပါတယ်၊အမျိုးသမီးတွေရဲ့နို့သီးခေါင်းဟာ လိင်ပိုင်းဆိုင်ရာနဲ့ လည်းသက်ဆိုင်စေပါတယ်၊ နို့သီးခေါင်းကို လှုံ့ဆော်မှုပေးပါက စိတ်ကျေနပ်မှုအတွက် အရမ်းအဆင်ပြေတယ်လို့သိရပါတယ်၊ အမျိုးသမီးအားလုံးတော့မပါဝင်နိုင်ပါဘူးနော်။ အမျိုးသမီးတစ်ဦးဟာ နို့သီးခေါင်းသုံးလုံးနဲ့မွေးဖွားလာတတ်ပါတယ်၊ အပိုရှိတဲ့နို့သီးခေါင်းတွေဟာ သားမြတ်မှာမရှိဘဲ ကိုယ်ထဲတစ်ခြား နေရာတွေမှာ ရှိနေတတ်ပါတယ်။

နို့သီးခေါင်းပတ်လည်မှာရှိတဲ့ အဖုအကျိတ်လေးတွေအပေါ်မှာပါတဲ့ မွေးညင်းပေါက်တွေ ၊ပြွန်တွေ၊ချောဆီ ထုတ်ပေးတဲ့အဆီဂလင်းလေးတွေက ပုံမှန်အဖြစ်တည်ရှိနေတတ်ပါတယ်။ အဲဒီအဖုလေးတွေကလည်း တစ်ခါတစ်ရံ သားမြတ်ကင်ဆာအမျိုးအစားပုံစံနဲ့ အဖုလေးတွေ အစက်အပြောက်လေးတွေ ပြတတ်ပြီးဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်နော်၊ တင်းကျပ်တဲ့ဘရာစီယာတွေဝတ်ခြင်းက နို့သီးခေါင်းပွတ်တိုက်ဖန်များ လာတဲ့အတွက် သွေးထွက်တာမျိုးဖြစ်တတ်ပါတယ်၊ ဒါကြောင့်ဘရာကို သက်သာအောင်ပဲဝတ်သင့်ပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့ အပြင်ထွက်ရင် အဝတ်အထည်အပိုတစ်ခု ယူဆောင်သင့်ပါတယ်၊မိမိအနားက ကလေးတစ်ယောက်ငိုသံကြားတာနဲ့ နို့ရည်တွေ ယိုစီးနေတတ် ပါတယ်၊နို့သီးခေါင်းကိုညှစ်လိုက်လို့ အရည်အနည်းငယ်ထွက်လာပါက အရမ်းကြောက်စရာ မလိုသေးပါဘူး၊ နို့သီးခေါင်းက သူ့အလိုလို ထွက်ကျလာတဲ့ အဖြူရောင်ပျစ်ပျစ်တွေ ထွက်လာရင်တော့ ဦးနှောက်အတွင်း ကင်ဆာ သို့မဟုတ် အကျိတ်ရှိတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်၊အရေးကြီးတဲ့တစ်ချက် ကတော့ နို့သီးခေါင်းမှ အစိမ်းရောင် ၊အနက်ရောင်အရည်တွေ ဆင်းနေပြီးဆိုရင်တော့ နို့ပြွန်ပြသာနာ ဖြစ်နေပြီးဖြစ်ကြောင်းသားမြတ် ကင်ဆာရဲ့လက္ခဏာဖြစ်ကြောင်း ဆရာဝန်နဲ့စောစီစွာ ပြသင့်ပါတယ်။

Dr မဝင်းမော် အမျိုးသမီးနှင့်ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။