You tube မှာဆိုရင် တေးသံရှင်မနောရဲ့ သီချင်းတွေကို ကြည့်ရှုသူပရိသတ်က 32 သိန်းကျော်အထိ ရှိနေပြီး အဲဒီထဲမှာမှ အချိန် 3 လအတွင်းမှာပဲ ဗိုလ်အောင်ဒင်သီချင်းတစ်ပုဒ်ထဲကို ကြည့်ရှုသူ 6 သိန်းကျော်ရှိနေပါတယ်။ ဒါနဲ့ပတ်သတ်ပြီး မနောကနေ ပြောပြခဲ့တာကတော့...

" ဘာကြောင့်လဲဆိုတော့ အခုမြန်မာနိုင်ငံရဲ့တေးချစ်ပရိသတ်တွေရဲ့ပုံစံက ပြောင်းသွားပြီ။ ဘယ်လိုပြောင်းသွားလဲဆိုတော့ အရင်တုန်းက အွန်လိုင်းရဲ့ စီးဆင်းမှု ဒီလောက်မဖွံ့ဖြိုးဘူး။ သုံးတဲ့သူလည်းနည်းတယ်။ အခုက ပရိသတ်တွေက နိုင်ငံခြားသီချင်းတွေ ၊ မြန်မာသီချင်းတွေ အားလုံးကို ဒေါင်းလုတ်ဆွဲပြီး နားထောင်းကြတယ်။ ပြီးတော့ သူတို့အသစ်ကိုလိုချင်ကြတယ်။ အသစ်ဖန်တီးတာကို ကြိုက်လာကြတယ်။ သူတို့ရဲ့ရင်ထဲမှာ သူတို့ကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ် ၊ မကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ် အသစ်ဖန်တီးထားတဲ့အရာဆို စိတ်ဝင်စားပြီး ဖွင့်ကြည့်တယ်။ "

ဆက်လက်ပြီးမနောမှ " အဲဒာကို ကျွန်တော်တို့ကိုယ်တိုင် ခံစားပြီး သိခဲ့ရတယ်။ ဗိုလ်အောင်ဒင်သီချင်းက ကပြားပေါ့။ စတီဒီယို နဲ့ မြန်မာကြားထဲမှာ။ ကပြားသီချင်းဖြစ်တဲ့အပြင်မှာ ချစ်စရာ ၊ ပျော်ပျော်ပါးပါး သီချင်းလေးပါ။ပြီးတော့ ပေါ့ပေါ့ပါးပါး နဲ့ ဆန်းဆန်းပြားပြားလေး ဖြစ်သွားတော့ အရောက်လွယ်သွားတယ် ၊ ပေါက်သွားတယ်လို့ ထင်ပါတယ်။" လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖေ့စ်ဘုတ်မှာ သီချင်းစာသားတွေကို ဟာသအနေဖြင့် ပြုပြင်သီဆိုတာတွေရှိတဲ့အပေါ် မနောမှ " ဘယ်လိုပြောရမလဲ ဖေ့ဘွတ်ရဲ့ သဘောသဘာဝကိုယ်က နည်းနည်းဟစ်ဖြစ်လာတဲ့အရာတစ်ခုကို ရေးနေကြတဲ့အလေ့အထရှိနေတာလေ ။ အဲတာကြောင့် မဆန်းဘူးလို့တော့ ထင်ပါတယ်။ နောက် သူတို့အတွက် ရေးစရာလေးတစ်ခုဖြစ်လာလို့ ဟာသလည်းဖြစ်လို့ ရေးနေကြတာတယ်လို့ ကျွန်တော်အနေနဲ့ အဲလိုပဲမြင်ပါတယ်။ " လို့ ပြောကြားခဲ့ပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။