မင်းသား ကျော်ကျော် နဲ့ မင်းသမီး ဆုမြတ်နိုးဦးတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားကြပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူတွေဖြစ်ကြပါတယ်။ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မကြာခဏပါဝင်ရိုက်ကူးရတဲ့ သူတို့နှစ်ဦးဟာ အပြင်မှာလည်း ခင်မင်ရင်းနှီးကြတယ်လို့ သိရပါတယ်။

မင်းသမီး ဆုမြတ်နိုးဦးဟာ တလောကကျင်းပခဲ့တဲ့ နန်းမြတ်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖြစ်ခဲ့ပြီး ထိုပွဲကအမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုစာမျက်နှာမှာ အမှတ်တရတင်ခဲ့ပါတယ်။ ဒီ post အောက်မှာတော့ မင်းသား ကျော်ကျော် တစ်ယောက်က "မင်္ဂလာဆောင်ချင်တယ် မိန်းကလေးရယ်" လို့ ဝင်ရောက် ရေးသားထားတာကို တွေ့ရပါတယ်။ 

ပရိသတ်တွေကတော့ ကျော်ကျော်ရဲ့ comment အောက်မှာ ဝင်ပြီးနောက်ပြောင်ထားကြပါသေးတယ်။ မင်းသမီး ဆုမြတ်နိုးဦးကတော့ ကျော်ကျော့်ကို အရွှန်းဖောက်ပြီး အခုလို "Kyaw Naing Oo so ယွစ် နော် ဆောင်စရာလူရောရှိလို့လား ချိန်ပါဂျီးရယ်" ဆိုပြီး ပြန်လည် နောက်ပြောင်ထားပါတယ်။ လက်ရှိမှာတော့ နှစ်ဦးသလုံး အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေကြတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.......

Photo Source: Kyaw Naing Oo & Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။