အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူ ရမ်ဂိုပယ်ပတေး ဆိုသူဟာ အသက် ၁၃ နှစ်အရွယ်ရှိတဲ့ သားဖြစ်သူရဲ့ ငယ်ပါ ကိုဖြတ်ခဲ့ရာမှာ သားဖြစ်သူဟာ သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။သားဖြစ်သူရဲ့ ငယ်ပါကို ဖြတ်ပစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အိမ်မှာရှိနေတဲ့ မကောင်းဆိုးဝါးတွေကို ဖယ်ရှားဖို့အတွက် ယခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ ပယောဂဆရာဆိုသူ ရာဂျက်ရှ်ယာဒေ့ဗ်က" အိမ်မှာ မကောင်းဆိုးဝါးဝိညာဉ်တွေရှိနေရင် သားဖြစ်သူကို စတေးရမယ်လို့စေခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ယခုလို စတေးမယ်ဆိုရင် ပြသာနာတွေအားလုံးဟာလည်းပြေလည်သွားမှာ ဖြစ်တယ်လို့" ပြောခဲ့တာကြောင့် ဖခင်ဖြစ်သူဟာ သားဖြစ်သူကို ခုလိုရက်ရက်စက်စက် သတ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် သားဖြစ်သူရဲ့ ငယ်ပါကို မဖြတ်ခင် ဖခင်ဖြစ်သူ နဲ့ပယောဂဆရာ တို့ဟာ သူရဲ့သား ဦးခေါင်းကိုရိုက်နှက်ခဲ့ကြတာလည်းဖြစ်ပါတယ်။မိခင်ဖြစ်သူဟာ လယ်ထဲမှာအလုပ်လုပ်ပြီး အိမ်ပြန်လာချိန်မှာ ကြမ်းပြင်ပေါ်မှာ သွေးအိုင်ထဲလဲနေတဲ့ သားဖြစ်သူကို တွေ့ရှိခဲ့တာကြောင့် အိမ်နီးချင်းတွေကို အကူအညီတောင်းခဲ့ပြီး သက်ဆိုင်ရာတွေကို တိုင်တန်းခဲ့တာလည်းဖြစ်ပါတယ်။သက်ဆိုင်ရာ က အခင်းဖြစ်ပြီး နောက်တစ်ရက်မှာပဲ ရက်ရက်စက်စက် သက်ပစ်ခဲ့ကြတဲ့ ဖခင်ဖြစ်သူနဲ့ ပယောဂဆရာ နှစ်ယောက်လုံးကို ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။

source -pyi myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။