ခရီးသွားတဲ့အခါ အထူးအဆန်းလေးတွေ၊ ဒေသခံ အစားအသောက်လေးတွေ စသည်ဖြင့် မြည်းစမ်း စားလိုစိတ်ကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်လေ့ ရှိပါတယ်။ တစ်ချို့ဆိုရင်တော့ ခရီးသွားတဲ့အခါ ၀မ်းပျက်ဝမ်းလျှောမှာ စိုးရိမ်စိတ်နဲ့ လုံးဝကို မစားမသောက်ဘဲနဲ့ နေတဲ့အခါလည်း ရှိပါတယ်။ ဒါပေမဲ့ အချို့သော အစားအသောက်ထဲတွင် ဘတ်တီးရီးယားပိုး ၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများပါလာခြင်း တို့ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားတဲ့အခါ နဲ့ ဒေသခံတွေကို သွားရောက် လည်ပတ်တဲ့ အခါ ဘယ်လို အချက်လေးတွေကို ဆင်ခြင်သင့်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

၀မ်းပျက်၊ ၀မ်းလျှော မဖြစ်စေဖို့ ဘယ်လို ဆင်ခြင်ရမလဲ ???

- ကဖင်းဓာတ်ပါဝင်သော အစားအသောက်များ၊ ရေခဲမုန့်များ မစားသုံးပါနှင့်။

- လမ်းဘေးအစားအစာများ မစားသုံးပါနှင့်။

- အသား၊ ငါးများ၊ ပင်လယ်စာများကို အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်း တို့ကိုရှောင်ပါ။

- အရွက်သုပ်များ၊အခွံံမနွှာသောအသီးများ (စပျစ်သီး၊ဘယ်ရီသီးများ) ကို ခရီးသွားနေစဉ်အတွင်း မစားသုံးပါနှင့်။

- ပူပူနွေးနွေးနှင့် ကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကို စားသုံးပါ။

- ဘုံပိုင် ၊ရေတွင်းနှင့် စမ်းချောင်းမှရေကို မကျိုချက်ပဲသောက်သုံးခြင်းရှောင်ကြဉ်ပါ။

- မသန့်ရှင်းသောရေကို အသုံးပြုခြင်း၊ ရေကူးခြင်းတို့ကိုရှောင်ကြဉ်ပါ။

- ပန်းကန်၊ ဇွန်း၊ ခွက်တို့ကို သန့်သန့်ရှင်းရှင်းခြောက်ခြောက်သွေ့သွေ့ထားပါ။

- လက်ကို စင်ကြယ်အောင်ဆေးကြောပါ။

စတဲ့ အချက်တွေကို ဂရုတစိုက် ရှောင်ကြဉ်လိုက်မယ်ဆို ၀မ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ စိတ်ချရနိုင်ပါတယ်။ အခုလို ခရီးသွားရာသီမျိုးမှာ ဒီအချက်လေးတွေကလည်း ကျန်းမာရေး ဗဟုသုတ အဖြစ် သိထားဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း ဒီအချက်လေးတွေကို မျှဝေလိုက်ပါဦးနော်။

Credit: Mayo clinics 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။