အခုစာဖတ်နေတဲ့ ပရိသတ်ကြီးဟာ ၁၉၉၃ ခုနှစ်မှာမွေးတယ်ဆိုရင်တော့ ခုအချိန်အသက် ၂၄ နှစ်ပြည့်နေပါပြီ။ ဒီအသက်အရွယ်ဟာ ဘဝရဲ့ဒုတိယအရွယ်လို့ပြောနိုင်တဲ့ လူလတ်ပိုင်းအရွယ်ကိုရောက်လာတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ လူလတ်ပိုင်းတစ်ယောက်အနေနဲ့ဆောင်ရန် ရှောင်ရန်လေးတွေကို ဗဟုသုတရစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ 

စျေးပေါပေါ အင်္ကျီ တွေမဝယ်ပါနဲ့တော့။

ဒီအရွယ်မှာ အများအားဖြင့် ၀င်ငွေ ရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို စျေးနည်းနည်းနဲ့ အထည်များများဝယ်တာမျိုး မလုပ်သင့်တော့ပါဘူး။သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစား မျိုးကို ရွေးချယ်ဝတ်ဆင်သင့်သလို ခပ်ပေါပေါ အဝတ်အစား မျိုးထက် စျေးနှုန်း သင့်တင့်ပြီး ၀တ်လိုက်တာနဲ့ အဆင့်အတန်း တစ်ခုရှိတဲ့ ပုံစံမျိုးကို ၀တ်ဆင်သင့်ပါတယ်။

ရည်းစားတွေ မရှုပ်ပါနဲ့တော့

ဘဝ အတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ် တစ်ခု ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ။ သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့ ဘဝလက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီး ရွေးချယ်သင့်တဲ့အချိန်ပါ။

သူများတွေရဲ့ထင်မြင်ချက် တွေကို ဂရုမစိုက်နဲ့တော့။

ငယ်ငယ်တုန်းကတော့ မိဘ ကခွင့်မပြုလို့ မလုပ်ရဘူး။ ပတ်ဝန်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး။ ဟိုလူတွေက ဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူများရဲ့ ဝေဖန်မှု တွေကို ဂရုမစိုက်ပါနဲ့တော့။ သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊ အတွေးအခေါ်ရှိနေပြီမို့ သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြငး်၊ ဆိုးခြငး်ကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီ။

ကိုယ်အဆင်မပြေတိုင်း မိဘ တွေကို အပြစ်မတင်ပါနဲ့တော့

ဘယ်သူမှတော့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့် အပြစ် မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင် ့အပြစ် ပါ။သင် မိဘ တွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့။ သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆညး်ပေးနိုင်အောင် ကြိုးစားပါ။

ငွေသုံးမကြမ်းပါနဲ့တော့

လူငယ်ဘဝမှာတော့ ငွေ တန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံးဖြုန်းပစ်မိခဲ့ပေမယ့် ၂၄ နှစ် ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေ စုချိန်ရောက်ပြီ ဖြစ်ပါတယ်။သင် ့ဘဝ တိုးတက်ရေး အတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ။ ပညာ ကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာ အတွက် ရင်းနှီးမြှုပ်နှံပါ။

အင်တာနက် မှာပဲ အချိန်တွေအကြာကြီး မဖြုန်းပါနဲ့တော့။

ယနေ့ခေတ်မှာ လူငယ် တွေဟာ အင်တာနက် လူမှုကွန်ယက် တွေကို ပိုမိုစွဲလမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ်။၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ။ အင်တာနက်သုံးတယ်ဆိုရင်လည်း Facebook တစ်ခုထဲသာ အဓိကမထားပဲ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေး ဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါတယ်။

လူတိုင်း အပေါ် အရမ်းမကောင်းနဲ့တော့။

စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သလောက် ပေါက်ပြီးသား ဖြစ်မှာပါ။လူတိုင်း အပေါ် အရမ်းမကောငး်ပါနဲ့။ ဒါဟာ စိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ၊ လှိုက်လှိုက်လှဲလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ။ အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ် နဲ့ ရှောင်ပါ။

Source : ဗဟုသုတ(Fb Page)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။