ပရိသတ်ကြီးရေ အက်မင်က ဟိုတစ်နေ့က O သွေးလေးတွေရဲ့ အချစ်အကြောင်း တင်ပေးပြီးပြီဆိုတော့ အခုတစ်ခေါက်မှာတော့ AB သွေးလေးတွေရဲ့ အချစ်ရေးကို ဖော်ပြပေးလိုက်တယ်နော်။အေဘီ သွေးပိုင်ရှင်တွေဟာ ခေါင်းမာတတ်ကြပြီး တယူသန်လွန်းသူတွေဖြစ်ပါတယ်။

ဘာမဆို သူတို့လုပ်ရင်အကုန်အကောင်း တခြားလူပြောရင် သိပ်ပြီး မလက်ခံကြပါဘူး။ ဒါပေမယ့် သေချာပေါင်းကြည့်ရင် စိတ်ရင်းကောင်းပေမယ့် အပြောဆိုးသူတွေမို့ လူတိုင်းက သူတို့ကို အထင်လွဲတဲ့အခိုက်အတန့်လေးတွေလည်း ရှိပါတယ်။

ဖက်ရှင်ကျကျ နဲ့ စမတ်ကျကျဝတ်စားတတ်သူတွေမို့ ဆွဲဆောင်မှုရှိသူတွေလို့ ပြောလို့ရပါတယ်။ 

အချစ်ရေးမှာတော့ စမ်းအလွန်ပွင့်သူတွေပါ..။ သူတို့ကို ကြိတ်ခိုက်နေတဲ့ Crush တွေလည်း ရှိတတ်သလို သူတို့ကလည်း တွေ့သမျှ ရည်းစားတိုင်းကို စိတ်ကစားလေ့ရှိပါတယ်။ ပွေးတဲ့အချိန်တုန်း အရမ်းပွေးခဲ့ပေမယ့် သူတို့ အမြင်မှန်ရပြီး လိမ္မာသွားပြီဆိုရင်တော့ ဘယ်သူမှလိုက်မမီကြပါဘူး။

သူတို့တကယ်ချစ်တဲ့သူ တွေ့ပြီဆိုရင် ချစ်သူအလိုကျ အရာရာပြောင်းလဲပြီးနေသူတွေဖြစ်ပါတယ်။

အေဘီသွေးတွေဟာ သူတို့ထားတဲ့ ရည်းစားက မိဘတွေ သဘောမကျတဲ့မိန်းကလေး၊ ယောကျာ်းလေး ဆိုရင်တော့ လမ်းခွဲဖို့ ၀န်မလေးကြပါဘူး။ သူတို့တကယ်ရွေးချယ်တဲ့ ချစ်သူကတော့ မိသားစုကအရမ်းသဘောကျသူကိုမှ သေချာစဉ်းစားပြီး ချစ်သူတော်ကြတာပါ။ ပွေတဲ့နေရာမှာ နှစ်ယောက်မရှိပေမယ့်လည်း တည်ငြိမ်သွားရင်တော့ သူငယ်ချင်းတွေတောင် အံ့သြရတဲ့သူလေးတွေပါ။ စိတ်ကောက်တဲ့နေရာမှာလည်း တဖက်ကမ်းခတ်တော်သူတွေဖြစ်ပြီး ချော့လိုက်ရင်တောင် တစ်မိနစ်တောင်မခံပါဘူး။

သူငယ်ချင်းတွေအပေါ် အနစ်နာခံပြီး ပေါင်းလေ့ရှိပြီး ရှိသမျှရည်းစားတွေကိုလည်း သူငယ်ချင်းတွေကို အသိပေးတိုင်ပင်လေ့ရှိပါတယ်။ သူတို့လိုလူမျိုးကို ရည်းစားတော်ထားရင်တော့ အချစ်ကြီးတတ်လို့ သူတို့ရဲ့ ခေါင်းမာပြီး အနိုင်ယူတတ်တဲ့ အကျင့်လေးကိုတော့ သည်းခံနိုင်မှဖြစ်မှာနော်။

ပရိသတ်ကြီးရော AB သွေး ပဲလား။ 

#Stella 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။