အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးဟာ ပရိသတ်တွေစောင့်ကြည့်ရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ မတူညီတဲ့ အနုပညာရသတွေအပြင် ဆန်းသစ်ပြီး တမူထူးတဲ့ဖက်ရှင်တွေကိုပါ ချပြတတ်တဲ့သူမရဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား နာမည်ကြီးလှပါတယ်။ 

ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့သူမရဲ့ ဓာတ်ပုံတွေထဲမှာ Hello Hair and Make-up ရဲ့ ၂၇ နှစ်ပြည့်ပွဲအထိမ်းအမှတ်အတွက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား နာမည်ကြီးခဲ့ပါသေးတယ်။ ယခုလက်ရှိ လူမှုစာမျက်နှာထက်မှာတော့ သူမရဲ့ Make-up look ကို inspire လုပ်ပြီးခြယ်သထားတဲ့ Beauty Blogger Lann ရဲ့ make-up look လေးဟာ နာမည်ကြီးလို့နေပါတယ်။ 

သူမရဲ့ ပြင်ဆင်ခြယ်သပြီး တင်ထားတဲ့ ဓာတ်ပုံတွေကိုတော့ ဖွေးဖွေးရဲ့ ပရိသတ်တွေကိုယ်တိုင် အံ့သြချီးကျူးခဲ့ကြပြီး Phway Phway ရဲ့ fan page ဖြစ်တဲ့ Forever Phway's Fan page ကနေ တရားဝင် share ခဲ့တာလည်း တွေ့ရပါတယ်။ Blogger Lann ကတော့ ဓာတ်ပုံတွေနဲ့အတူ

"My Queen Phway Phway made me do this

Makeup look inspired by Phway Sein

ဒီ Makeup look ကို ချစ်ဆုံး ဖွေးစိန်လေးပုံတင်ကတည်းကအရမ်းကြိုက်ပြီးစမ်းကြည့်ချင်နေတာကြာလှပြီ.....လိုချင်တဲ့ဆံပင်တုရအောင်မနည်းလိုက်ရှာပြီး ခု Look ကိုကြိုးစားပြီးပြင်ကြည့်ထားတယ် Eyeliner ကိုတော့ဖွေးစိန်လေးက အများကြီးခြယ်မထားပေမယ့် Lann ရဲ့မျက်လုံးကမှေးတော့ Eyeliner ကိုနည်းနည်းထူပြီးဆွဲထားတယ် ဒီ Makeup look ပြင်ဖို့ခဏခဏစမ်းပြင်ပြီးမှ Full Makeup Look ရခဲ့တယ်။လိုအပ်ချက်တွေအများကြီးရှိသေးပေမယ့်..... ကိုယ့် idol ချစ်ဆုံးရဲ့ inspired Makeup Look လေးထွက်လာတော့အရမ်းပျော်တယ်

#I'm one of Queen Phway Sein's Fans#Pp" ဆိုပြီး ရေးသားထားပါသေးတယ် ပရိသတ်ကြီးရေ...

Source: HtooHtoo Htet Aung ( Beauty Blogger Lann) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။