ချစ်စရာကောင်းတဲ့ နိုင်ငံကျော်မင်းသမီးလေး စိုးပြည့်သဇင်ကတော့ အနုပညာမှာ စွယ်စုံတော်သူလေးဆိုပြီး နာမည်ကြီးနေသူဖြစ်ပါတယ်။

အကယ်ဒမီစိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာ ၊ စန္ဒီမြင့်လွင်တို့ရဲ့ ညီမလေးဖြစ်တဲ့ စိုးပြည့်သဇင်ကအစ်မတွေရဲ့ ခြေရာနင်းမယ့် အကယ်ဒမီဆုရှင်အနုပညာပါရမီရှိသူတစ်ဦးဖြစ်ပါတယ်။

ပရိသတ်အချစ်တော် သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာကျရောက်မယ့် လူ့အခွင့်အရေးနေ့ ဟောပြောပွဲကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဟောပြောပွဲမှာတော့ စိုးပြည့်ဟာ သူမရဲ့ အမြင်ကနေ စင်ပေါ်တက်ရောက်ကာ အမှာစကားခြွေခဲ့တဲ့ပုံတွေကို သူမရဲ့ ဖေ့ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။

လုံလုံခြုံခြံုနဲ့ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုလေးတွေနဲ့ပဲ တွေ့ရများတဲ့ စိုးပြည့်ဟာ အောင်မြင်နေပမယ့်လည်း ခပ်ဟော့ဟော့ ၀တ်စားဆင်ယင်မှုတွေကို ၀တ်လေ့မရှိတာကြောင့်လည်း ပရိသတ်တွေ အချစ်ပိုရသူဖြစ်ပါတယ်။

စိုးပြည့်ဟာ ဇာတ်ကားတွေ နဲ့ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်ပါတယ်။

မကြာသေးမီရက်ပိုင်းကလည်း စိုးပြည့်တစ်ယောက် သူမရဲ့ ပရိသတ်တွေတောင်းဆိုမှုကြောင့် ဂစ်တာနဲ့ ပီယာနိုတီးကာ သီချင်းတွေဆိုပြခဲ့ပါသေးတယ်။  

Source- Soe Pyae Thazin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။