ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ နေမင်း၊ ရဲတိုက်နဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေး သွားနေတာ ဖြစ်ပါတယ်..။
သူတို့(၃) ဦးဟာ Seaberg Travels & Tour ရဲ့ ရိုက်ကူးရေး အစီအစဉ်နဲ့ ကော့သောင်းမြို့ မြိတ်ကျွန်းစုတွေဘက်ကို အပျော်ခရီးရောက်ရှိနေတာ ဖြစ်ပါတယ်..။
ခရီးစဉ်လေးကတော့ တကယ်ကို ပျော်ရွှင်စရာလေးပါပဲ.. ပရိသတ်ကြီးရေ..
ကော့သောင်းမြို့မှာရှိတဲ့ ကမ်းခြေများနဲ့ စလုံကျွန်းနဲ့ အခြားကျွန်းစုတွေဆီကို အလည်အပတ်သွားတဲ့ ခရီးစဉ်လေး ဖြစ်တယ်လို့ သိရပါတယ်..။
သူတို့ရဲ့ ပျော်စရာခရီးစဉ်လေးရဲ့ ပုံရိပ်လေးတွေကို fb စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးထားတာ တွေ့ရပါတယ်..။
သာယာလှပတဲ့ ရှုခင်းတွေနဲ့ အပြိုင် လန်းဆန်းပျော်ရွှင်နေတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း စိတ်ကျေနပ်စေပါတယ်..။
စလုံကျွန်းကို ရောက်ရှိနေပြီး ကမ်းခြေမှာ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံနေတဲ့ ပျော်စရာပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့ fb စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည် မျှဝေထားပါသေးတယ်..။
ကော့သောင်းမြို့ရဲ့ မြိတ်ကျွန်းစုတွေကတော့ သဘာဝအလှတွေကို ကြည့်ရှု့ခံစားနိုင်တဲ့ အပန်းဖြေလို့ ကောင်းတဲ့ နေရာလေး တစ်ခုလည်း ဖြစ်ပါတယ်..။
သဘာဝရှုခင်း အလှတွေကို ချစ်မြတ်နိုးသူတွေနဲ့ ပင်လယ်ကို ချစ်တဲ့ သူတွေအတွက်တော့ တကယ့်ကို စိတ်အပန်းဖြေစရာကောင်းတဲ့ နေရာလေးတွေပါပဲ..။
Source - နေမင်း fb
Photo – Nay Min၊ Thura Win၊ Seaberg Travels & Tour
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။