"မူဆယ်တွင် အသတ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များကို သင်္ဂြိုဟ် "

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုတွင် ဖမ်းဆီးခေါ်ဆောင်ပြီး အသတ်ခံရသော ရဲတပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်း များကို ယနေ့ မွန်းလွဲ

၂ နာရီ က မူဆယ်မြျို့မ သုသာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၀ ရက် နံနက်က တိုက်ခိုက်မှုတွင် သတ်ဖြတ်ခံရသော ရဲတပ်ဖွဲ့ဝင်

သုံးဦးမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး နမ့်ပေါတံတားရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီးလှိုင်စိုး၊ ရဲတပ်ကြပ်ခင်အုန်းနှင့် ရဲဒုတိယတပ်ကြပ်

ဇော်လင်းအောင်တို့ ဖြစ်သည်။

ကျဆုံးသွားသောရဲတပ်ဖွဲ့ဝင်များအားလုံးသည် အိမ်ထောင်သည်များ

ဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Source: 7days News Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။