ပရိသတ်တွေက ဂျင်းကောင် လို့ ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် မင်းသား မြင့်မြတ်ကတော့ လာမယ့်နှစ်မှာ အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်..။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ မင်းသားမြင့်မြတ်ကတော့ လာမယ့် (၂၀၁၈)ခုနှစ် နှစ်စပိုင်းမှာ နိုင်ငံခြားကို အပန်းဖြေခရီးထွက်မှာ ဖြစ်ပါတယ်..။

မြင့်မြတ်ဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပြီး တစ်နှစ်ပတ်လုံး ပင်ပန်းထားတဲ့အတွက် အခုလို အပန်းဖြေခရီးထွက်မှာဖြစ်တယ်လို့ ဆိုပါတယ်.

အပန်းဖြေခရီးလေး ထွက်ရှိမယ့်အကြောင်းကို မြင့်မြတ်ရဲ့ တပည့်ဖြစ်သူက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

“ဒီနှစ်ကခရီးစဉ်တွေအများဆုံးသွားရတဲ့နှစ်လို့ပြောရမယ်..။

အခုလည်းပြင်ဦးလွင်ရိုက်ကူးရေးပီးရင် မန်းလေး ရန်ကုန် ရိုက်ကူးရေးအပြီး ၂၀၁၈ နှစ်သစ်မှာတော့ ဆရာတပည့်တွေ နိုင်ငံခြားမှာ တစ်နှစ်တာပင်ပန်းနွမ်းနေသမျှကို အပန်းဖြေဖိုစီစဉ်ထားပါတယ်..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းကို တပည့်ဖြစ်သူရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပြီး မြင့်မြတ်ကတော့ ပရိသတ်များအတွက် fb အကောင့် ဖွင့်ထားပေမယ့်လည်း ခဏခဏ ပျက်ပျက်သွားတဲ့အတွက်ကြောင့် နောက်ပိုင်းမှာတော့ မသုံးဖြစ်ဘူးလို့ ဆိုပါတယ်..။

မြင့်မြတ်ကတော့ မိန်းကလေး ပရိသတ်များအပြင် ယောင်္ကျားလေး ပရိသတ်တွေအပါ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။

လတ်တလောမှာတော့ ဇာတ်ကားများလည်း ဆက်တိုက်ရိုက်ကူးနေပြီး လက်ရှိမှာတော့ မေမြို့မှာ ရိုက်ကူးနေတဲ့ “မသိဘူး ချစ်တယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။

Source – Myat Wai Tun fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။