ပရိသတ်တွေစိတ်ပျက်ခဲ့ရတဲ့မြန်မာအသင်းရဲ့ရှုံးပွဲ


M-150ဖလားကိုပရိသတ်ကြာ့်ဖို့ပရိသတ်တွေ

တော်တော်အားခဲထားခဲ့ကြတာပါ။အောင်သူ

မပါဘူးဆိုပေမယ့်လက်ရွေးစင်အသင်းကြီးက

ကစားသမားတွေပါဝင်ခဲ့ကြတာမို့မြန်မာယူ-23အသင်းကို

မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမယ့်မှန်းချက်နဲ့နှမ်းထွက်

မကိုက်ခဲ့ဘူးလို့ဆိုရမှာပါ။နည်းပြဂတ်ကိုလည်းတော်တော်လေးပရိသတ်တွေစိတ်ပျက်ခဲ့ရတဲ့ပွဲလို့ဆိုကြပါစို့။



ဗီယက်နမ်အသင်းကိုပွဲဦးထွက်မှာလေးဂိုးပြတ်ရှုံးနိမ့်ပြီး

ပရိသတ်တွေကိုမြန်မာယူ-23စတင်စိတ်ပျက်စေခဲ့ပါတယ်။

သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာဗီယက်နမ်ကိုမရှံုးတာကြာပြီ

ဖြစ်ပေမယ့်မစ္စတာဂတ်လက်ထက်မှာတော့ရှံုးချက်ကယ်နာခဲ့

ရပါတယ်။ပထမပိုင်းမှာနှစ်ဂိုးပေးလိုက်ရပြီးပေးလိုက်ရတဲ့

ဂိုးနှစ်ဂိုးဟာဆန်းဆက်နိုင်ရဲ့အမှားမကင်းပါဘူး။ဒုတိယပိုင်းမှာလည်းနှစ်ဂိုးထပ်ပေးလိုက်ရပြီးဗီယက်နမ်က

တကယ့်ကိုသာသာယာယာသွင်းသွားခဲ့တာပါ။

မြန်မာအသင်းအနေနဲ့ဗီယက်နမ်ကိုရှေ့လယ်နောက်ဘယ်နေရာမှမယှဉ်နိုင်ခဲ့ပဲအရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲ

အရှုံုးအတွက်နည်းပြဂတ်ရဲ့နည်းဗျူဟာတွေကိုပရိသတ်တွေ

စိတ်ပျက်နေကြတာကိုတွေ့ရပါတယ်။တခြားတစ်ဖက်မှာတော့

ထိုင်းကအာရှထိပ်သီးဂျပန်ယူ-23ကိုတောင်နှစ်ဂိုးတစ်ဂိုးနဲ့

အနိုင်ကစားသွားခဲ့ပါတယ်။ဒီနေ့ပွဲကိုကြည့်ရင်း

တွေးမိတာကကျွန်တော်တို့ဗီယက်နမ်နဲ့ထိုင်းထက်

အများကြီးပြတ်ကျန်ခဲ့ပြီဆိုတာပါပဲ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။