ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အွန်ဆိုင်းကတော့ စူပါမော်ဒယ် တစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ဖတ်ရှင်ရှိုးပွဲတိုင်း မပါမဖြစ် ဖြစ်တဲ့ သူမကိုတော့ အခုတခါမှာလည်း Myanmar Int'l Fashion Week ပွဲမှာ အဖြူရောင်ဂါဝန်ရှည်နဲ့ လင်းလတ်တောက်ပစွာလှနေတဲ့ သူမကိုမြင်တွေ့ရပါတယ်။

သွယ်လျတဲ့သူမရဲ့ခန္ဓာကိုယ်အချိုးအစားက မြန်မာဝတ်စုံတွေနဲ့လည်း လိုက်ဖက်ညီလှတာကို ပရိသတ်ကြီး မြင်တွေ့ရမှာပါ။တခြားသူများနဲ့မတူညီပဲ ကွဲပြားနေတာကတော့ သူမရဲ့ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ် အနေအထားပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်နန်းသူဇာကတောင် အင်တာဗျူးတစ်ခုမှာ အွန်ဆိုင်းလို ခန္ဓာကိုယ်လေး ဖြစ်ချင်ပါတယ်လို့ ပြောပြထားပါသေးတယ်။ မိန်းခလေးချင်းတောင် အားကျရတဲ့ လှပမှုမျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

မကြာသေးမီက ကျင်းပခဲ့တဲ့ Myanmar Model Dresses မှာလည်း ခပ်မိုက်မိုက်ဒီဇိုင်းများနဲ့ လန်းနေတဲ့ သူမကို မြင်တွေ့ရမှာပါ။ အမြဲလိုလို ဆန်းပြားတဲ့ ဖတ်ရှင်တွေနဲ့သာ မြင်တွေ့ရလေ့ရှိတဲ့ သူမရဲ့ ပုံရိပ်တချို့ကို ပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source - Awn Seng FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။