ပရိသတ်အချစ်တော် မင်းသမီး သက်မွန်မြင့်ဟာ "Sweet Child Of TN & TM" ဆိုင် (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သံဃာတော်တွေကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

"Sweet Child Of TN & TM" Baby Store (၁)နှစ်ပြည့် အခမ်းအနားပွဲကို ရန်ကုန်မြို့ ၊ ဆရာစံလမ်း၊ အမှတ်၅၄(A) ရှိ "Sweet Child Of TN & TM" ဆိုင်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်..။

ဆိုင်(၁)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာ(၉)ရက်နေ့က အောင်ဇဗ္ဗူတောရ ဆရာတော်နှင့် သံဃာတော်များကို နေ့ဆွမ်းများ ကပ်လှူ လှူဒါန်းခဲ့ပါတယ်..။

အခမ်းအနားပွဲလေးကိုတော့ မိတ်ဆွေသူငယ်ချင်းများနှင့် အနုပညာရှင်များ တတ်ရောက်ခဲ့ပြီး အစားအသောက်များနှင့် ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်..။

မင်းသမီး သက်မွန်မြင့်က ဒီဇင်ဘာ(၈)ရက်နေ့ကလည်း သူမ အသုံးပြုတဲ့ fb စာမျက်နှာမှ တဆင့် ထိုအခမ်းအနားပွဲလေးကို ပရိသတ်တွေကို လာရောက်ဖို့လည်း ဖိတ်ခေါ်ထားပါသေးတယ်..။

“December 9, Saturday 10am-9pm မှာ မွန့်ရဲ့ Sweet Child Baby Store တစ်နှစ်ပြည့်လေးရှိပါတယ်!

လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင့်!

မုန့်တွေ ကျွေးမှာပါရှင့်..” လို့ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်..။

မင်းသမီး သက်မွန်မြင့်ဟာ သူမရဲ့ကျွမ်းကျင်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီ ထူးချွန်ဆုရ ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး..။

အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီး တစ်လက်အဖြစ် လူသိများပြီး သားတစ်ယောက် သမီးတစ်ယောက် မိခင်အဖြစ် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားများ ရိုက်ကူးနေပြီး အခမ်းအနားပွဲများ တတ်ရောက်ခြင်း၊ မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။