မနေ့ညက ရန်ကုန်မြို့ သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပခဲ့တဲ့ 808 EDM Festival ပွဲကြီးကတော့ လူကြီးလူငယ်မရွေးပါဝင်ဆင်နွှဲခဲ့ကြပြီး အတော်လေးစည်ကားခဲ့ပါတယ်။ ပရိသတ်အချစ်တော် အနုပညာရှင်တွေလည်း ပါဝင်ဆင်နွှဲခဲ့ကြသလို အဆိုတော် သားနှစ်ယောက်ဖေဖေ ဝေလျှံတစ်ယောက်လည်း လာနွှဲသွားတယ်လို့ သူ့ရဲ့ လူမှုစာမျက်နှကဆင့် သိရပါတယ် ပရိသတ်ကြီးရေ။

အဆိုတော် ဝေလျှံကတော့ မနေ့ညက 808 ပွဲကိုသွားခဲပေမဲ့ ချစ်ဇနီးမပါတော့ မပျော်ပါဘူးဆိုပြီး သူ့ရဲ့လူမှုစာမျက်နှာမှာ ယခုလို

"သူမပါတော့ ဆားမပါတဲ့ဟင်းလို

bass မပါတဲ့ သီချင်းလို

အမွှာတို့ဖေဖေ ပျင်းသကို

ပျော်တော့ပျော်ချင်ပေမယ့် မပျော်ဖူး လို့

သိလား မိန်းမ

Tsinnmon Whp" ရေးသားပြီး တင်ထားပါတယ်။ 

အဆိုတော် ဝေလျှံတို့ဇနီးမောင်နှံဟာ ချစ်သူတွေအဖြစ် အချိန်ကြာကြာလက်တွဲပြီး လက်ထပ်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဘယ်ပွဲကိုမဆို အမြဲနှစ်ယောက်တွဲတက်လေ့ရှိတာကိုလည်း ပရိသတ်တွေအသိဖြစ်ပါတယ်။ ဒီတစ်ခေါက် EDM ပွဲကြီးမှာတော့ မကြာခင်ကမှ မီးဖွားထားတဲ့ မေမေကတော့ သားလေးနှစ်ယောက်နဲ့အတူ အိမ်မှာနေခဲ့ပြီး ဖေဖေဝေလျှံတစ်ယောက်တည်း 808 ပွဲကို သွားခဲ့ပါတယ် ပရိသတ်ကြီးရေ.....

(ဖေဖေ ပြန်လာရင်တုတ်ကောက်ခဲ့နော်...........)

Source: Wai Hlian Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။