အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ခဲ့သလို ယခုအချိန်ထိ ပရိသတ်အားပေးမှုကို ရရှိထားသူကတော့ အကယ်ဒမီ နန္ဒာလှိုင် ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေဝေဆာနေချိန်မှာ အိမ်ထောင်ပြုခဲ့ပြီး အနုပညာအလုပ်တွေကို အားလုံးရပ်နားခဲ့တဲ့သူမကတော့ လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လို့နေပါတယ်။ 

နန္ဒာလှိုင်တစ်ယောက် ကျောက်ပန်းတောင်း ဆိုင်ဖွင့်ပွဲအတွက် လေယာဉ်နဲ့သွားဖို့လုပ်ခဲ့ပေမယ့် လေယာဉ်စက်ချို့ယွင်းမှုနဲ့ ကြုံခဲ့ပြီး ခရီးစဉ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမအရမ်းလန့်သွားခဲ့ပုံကို သူမရဲ့ လူမှုစာမျက်နှာမှာ

"မနက်6:45 ပုဂံကိုလေယာဉ်စီးမယ်ဆိုပြီးလေယာဉ်ပေါ်မှာထိုင် ခါးပတ်ပတ် လေယာဉ်ကြီးထွက်ခါနီးမှာ လေယာဉ်စက်ပိုင်းဆိုင်ရာပြန်စစ်ဆေးဖို့ရှိပါသဖြင့်ခရီးသည်များလေယာဉ်ပေါ်မှခတ္တပြန်ဆင်းပြီးနားနေဆောင်မှာပြန်နားပေးကြပါဆိုတော့ ဘယ်လိုပြောရမလဲ ဆက်သွားရမယ့်ခရီးအတွက်ရင်ထဲမှာ ဖိုးသိုးဖတ်သတ် ကြီးပေါ့နော်” ဆိုပြီး ရေးသားခဲ့ပါတယ်။

တဆက်တည်းမှာပဲ သူမခရီးစဉ်ဖျက်လိုက်ရတဲ့ သူမကိုစောင့်နေကြတဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်းလည်း ရေးသားခဲ့ပါတယ်။ "ကျောက်ပန်းတောင်းကအမျိုးတို့ရေ

မလာတော့ဘူးနော် ခွင့်လွှတ်ပါ

နောက်တခါဆက်ဆက်လာပါ့မယ်

ရင်ထဲမှာကတုန်ကရင်နဲ့အရမ်းကိုကြောက်လို့ပါ

ဒီတခါမဆုံဖြစ်တဲ့အတွက်စိတ်မကောင်းပါဘူးရှင်" ဆိုပြီး တောင်းပန်စာရေးသားထားပါတယ်။ 

Source: Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။