ထိုင်းဘုရင့်ဖလားဝင်ပြိုင်မယ့်မြန်မာ့ပိုက်ကျော်ခြင်း


ထိုင်းဘုရင်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကိုမြန်မာပိုက်

ကျော်ခြင်းအသင်းဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

ဆီးဂိမ်းတုန်းကပါဝင်ခဲ့တဲ့လူဟောင်းတွေနဲ့

လူသစ်တွေကိုရောနှောထားတဲ့မြန်မာ့ပိုက်ကျော်ခြင်း

အသင်းဟာဒီနေ့မနက်ကပဲထိုင်းနိုင်ငံကိုထွက်ခွာသွားခဲ့

ပါပြီ။အသင်းကအသစ်လိုဖြစ်နေတဲ့အတွက်Team

Workပိုင်းဆိုင်ရာတော့စုစည်းမှုအားအနည်းငယ်လိုအပ်

နေပါသေးတယ်။


မြန်မာပိုက်ကျော်ခြင်းအသင်းဟာအိန္ဒိယမှာကျင်းပတဲ့

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကိုနောက်ဆုံးဝင်ပြိုင်

ထားခဲ့ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲအသင်းကအသစ်လို

ဖြစ်နေတဲ့အတွက်ထိုင်းကိုရှုံးပြီးထွက်ခဲ့ရပါတယ်။မြန်မာအသင်းကပိုက်ကျော်ခြင်းကောင်းတယ်ဆိုပေမယ့်

အဓိကပြိုင်ပွဲကြီးတွေမှာတော့ထိုင်းကိုနိုင်ဖို့ရာခက်ခဲနေဆဲပါ။

မလေးရှားဆီးဂိမ်းတုန်းကလည်းဗိုလ်လုပွဲကို

အကြိမ်ကြိမ်တက်ရောက်ခဲ့ပေမယ့်ထိုင်းကိုအကြိမ်ကြိမ်

ရှုံးပြီးရွှေတံဆိပ်တွေလက်လွတ်ခဲ့ရပါတယ်။အခုတစ်ခါ

ပြိုင်မှာကထိုင်းတို့ရဲ့မြေဘန်ကောက်မှာပါ။မြန်မာအသင်း

အနေနဲ့ဆီးဂိမ်းရှံုးကြွေးတွေကိုထိုင်းမြေမှာပြန်ဆပ်နိုင်ခဲ့ရင်

တော့အတိုင်းထက်အလွန်ပါ။မြန်မာအသင်းရှံုးကြွေး

ဆပ်မလားအကြွေးထပ်တင်သွားမလားဆိုတာကတော့..

Source-Aung pyae Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။