မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဓမ္မကထိက အကျော်အမော်တစ်ဦးဖြစ်တဲ့ ဆရာတော် ရဝေနွယ်(အင်းမ) ဓားမြတိုက်ခံရတယ်ဆိုတဲ့ သတင်းတွေဟာ ယနေ့ လှုမှုကွန်ယက်တွေမှာ အရမ်းကို ပျံနှံ့လို့နေပါတယ်။ 

ဆရာတော် ရဝေနွယ်(အင်းမ) သတင်းသုံး နေထိုင်ရာ မင်္ဂလာဒုံ မြို့နယ် သင်္ကန်းကျွန်းကြီး ကျေးရွာ ဓမ္မရဝေ ကျောင်း တိုက်တွင် ယမန်နေ့ညက ဓားမြတိုက်ခံရတယ် ဆိုတဲ့ သတင်းတွေ နဲ့ပတ်သက်ပြီး ယနေ့ လူမှုကွန်ယက်မှာ အရမ်းကိုနာမည်ကြီးနေခဲ့ကာ ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမ တွေကလည်း အရမ်းကိုစိတ်ပူ နေရတာပဲဖြစ်ပါတယ်။ 

၎င်းဓားမြတိုက်ခံရတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး မှားယွင်းဖော်ပြ နေကြတဲ့ သတင်းအမှားတွေ အပေါ် အခုလိုပဲ ရှင်းပြ မိန့်ကြားပေးခဲ့ပါတယ်။

ယခုလူမှုကွန်ယက်မှာ ပျံနှံ့နေတဲ့ သတင်း တွေဟာ မှားယွင်းနေပါကြောင်း ဆရာတော် ရဝေနွယ်(အင်းမ) ကိုယ်တိုင် မိန့်ဆိုပြောကြားပေးခဲ့ပါတယ်။

 အမှန်တကယ်ဖြစ်စဉ်က ဆရာတော် ဓားမြတိုက်ခံရတာ မဟုတ်ပါဘူး မနေ့က ည ၁၂ နာရီကျော်က ကျောင်းက ဦးဇင်းတစ်ပါးရဲ့ အခန်းကို သူခိုးကပ်ခဲ့တာပါ။အဲ့ဒီဦးဇင်းရဲ့ဖုန်းနဲ့ ပိုက်ဆံ ၄ သိန်းကျော်ကို ဝင်ယူသွားတာပါလို့ ပြောပြပါတယ်။

 အဲဒါကို လူမှုကွန်ယက် သတင်းတွေမှာ ဆရာတော် ကို ဓါးပြတိုက်တယ် ဆိုပြီး ပျံ့နှံ့နေတာပါ လို့ ရှင်းလင်း မိန့်ကြား ခဲ့ပါတယ်။  

ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ လူမှုကွန်ယက်ကနေလဲ " သတင်းအမှန် ကျောင်းက ဦးဇင်းလေးတစ်ပါး ရဲ့အခန်းကို ည ၁၂နာရီကျော်လောက် ဒကာလေးနှစ်ယောက် ပြူတင်းပေါက် တံခါးက ကျော်ဝင်ပြီး ဖုန်း(၁)လုံးရယ် ငွေ(၄)သိန်းကျော်ရယ် ဝင်ယူသွားတာပါ။

စာရေးသူက မနက်ကျမှသိရတာပါ၊ သတင်းမှားတွေမတင်ဖို့ အထူးပဲမေတ္တာရပ်ခံပါတယ်" လို့ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။စိတ်ပူနေကြတဲ့ ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမ တွေကိုလည်းစိတ်မပူကြဖို့ နဲ့ လက်ရှိမှာ ဆရာတော်လည်း အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ခဲ့ပဲ ဘေးကင်းပါကြောင်း မိန့်ကြားခဲ့ ပါတယ်။

လက်ရှိမှာဆရာတော်လဲ အန္တရာယ်ကင်း တာကြောင့် စိတ်ပူနေကြတဲ့ ဒါယကာ ဒါယိကာမ တွေလဲ စိတ်အေးနိုင်စေရန် သတင်းအမှန် ကို မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဆရာတော် ရဝေနွယ်(အင်းမ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။