အိပ်မက်ဆုံရာက လူကြိုက်များတဲ့ အဆိုရှင်လဲဖြစ် မှတ်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ည ဇာတ်ကားရဲ့ မင်းသားလေးတစ်လက်လဲဖြစ်တဲ့ Russell ကတော့

အနုပညာလမ်းကြောင်းမှာ နေရာတစ်နေရာ ရရှိနေပြီး ပရိတ်သတ်တွေလဲ ပိုင်ဆိုင်နေပါပြီ ။ ခုလို လူလိမ်လူညာတွေပေါများတဲ့ ခေတ်ကြီးမှာ သူက သူတို့ မိသားစု Facebook ပေါ်ကတဆင့် အလိမ်ခံရဖူးတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုကို အခုလို ပြောပြပါတယ် ။ 

" ဒီ Post ကို ကျွန်တော် မ Share ပဲနေမလို့ စဉ်းစားပါသေးတယ်.... မရတော့တဲ့ အခြေအနေမို့ အများသိစေရန် ရင်နာနာနဲ့ပဲ Share လိုက်ပါတယ် ခင်မျ....ဖြစ်ပုံက ၂၀၁၅ October လောက် ပါ....အဲဒီတုန်းက ရေကြီးပြီး လူအများစုအလှူခံတွေထွက်နေတဲ့ အချိန်ပေါ့....ကျွန်တော်လည်း အများနဲ့အတူ အိမ်မက်ဆုံရာကဘော်ဒါတွေနဲ့ အလှူခံထွက်ပြီး Gandama Wholesale မှာ လှူမယ့်ပစ္စည်းတွေ သွားဝယ်မလို့သွားနေပါတယ်...အချိန်ကတော့ မနက် ၁၀နာရီလောက်ဖြစ်မယ်ထင်တယ်...Taxi ထဲမှာ အိမ်မက်ဆုံရာက Leo လည်းပါပါတယ်....အဲဒီအချိန်မှာ အမေ့ရဲ့ လေးယောက်မြောက်ညီမ( အမေက မောင်နှမငါးယောက်ထဲ အကြီးဆုံး ) ကစိုးရိမ်တကြီးနဲ့ ဖုန်းထဲမှာပြောပါတယ်...." သား....ဖိုးဉာဏ်.... သားအမေ အခုပဲသိန်းတစ်ရာချေးသွားလို့..သူ့ကြည့်ရတာအရေးတကြီး လိုနေပုံပဲ....လာမယ့် Sundayပြန်ဆက်မယ်ပြောတယ်"( အဲဒီနေ့က ဗုဒ္ဓဟူး နေ့ပါ )

အဲဒီမှာ ကျွန်တော်က အံ့အားသင့်သွားပြီး...." သိန်း ၁၀၀ ????? အန်တီ.... မေကြီးက

ဘာလို့ ချေးရတာလဲ..... ကျွန်တော်လည်းဘာမှမသိရပါလား??? ဘာအတွက်လို့ပြောလဲအန်တီ ??? "လို့မေးလိုက်တော့ သူက " မကြီးက စီးပွားရေး လုပ်ဖို့ပြောတာပဲ.... နိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ စီးပွားရေးလုပ်ဖို့အရင်းအနှီးလိုတယ်တဲ့ သိပ်မကြာဘူး ပြန်ဆပ်မယ်ပြောတယ်.... အဲဒါ မေးကြည့်လိုက်ပါဦး..ငါ့မှာလည်း ဘဏ်ထဲရှိတာအကုန်ပဲ ပေးလိုက်တာ....မကြာဘူးပြန်ပေးမယ်ပြောလို့..... "...အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားမိတာက အမေကအဲဒီအလုပ်ကိစ္စနဲ့ ပါတ်သတ်ပြီး တစ်ခါမှ မပြောဖူးပါဘူး.အစိုးရဝန်ထမ်းဆိုတော့ စီးပွားရေးလည်းသူမကျွမ်းကျင်ဘူးလေ.. ကျပ် ၁၀၀၀ ရင်းပြီး ၁၀၀တောင်မြတ်အောင်မလုပ်တတ်သူပါ....ကိုယ့်အမေအကြောင်း ကိုယ်သိနေတော့ စိုးရိမ်သွားပြီးချက်ချင်းဖုန်းဆက်ကြည့်တော့သူက...." အခုနိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ အလုပ်လုပ်နေတယ်....အိမ်ရောက်မှ ပြောပြမယ်...." ဆိုပြီးဖုန်းချသွားလေရဲ့.....ဒါနဲ့ ထပ်ဆက်ကြည့်တော့ သူကစိတ်မရှည်စွာနဲ့"ငါနိုင်ငံခြားနဲ့ အလုပ်လုပ်နေတယ်.... ဝင်မပါနဲ့....အချိန်တန်ရင် သိရမယ်... " ဆိုပြီးဖုန်းချလိုက်ပါတယ်....ဖုန်းကမကျပဲ အသံတွေဆက်ကြားနေရတော့ကျွန်တော် Speaker ဖွင့်ပြီး နားထောင်လိုက်ပါတယ်။သူပြောနေတာက နိုင်ငံခြား Bank account တစ်ခုကိုပိုက်ဆံလွှဲဖို့အမျိုးသားတစ်ဦးနဲ့ ပြောနေတာပါ.....အမေးအဖြေတွေလုပ်နေရင်းနဲ့ ဖုန်းကျသွားတယ်....ကျွန်တော်လည်း ပရဟိတကိစ္စနဲ့ လောနေတာမို့မေ့သွားပြီး အိမ်ရောက်တော့ ပင်ပန်းတာနဲ့

တန်းအိပ်ပျော်သွားတာပါပဲ....

ဒီလိုနဲ့ ည ၁၁ လောက်ကျတော့ ကျွန်တော်နိုးလာပါတယ်.နိုးလာတော့ ချက်ချင်းအမေ့ကို သတိရသွားပြီးလှမ်းခေါ်လိုက်ပါတယ်....သူက အိမ်ခန်းထဲကနေဖုန်းတစ်လုံးနဲ့ ထွက်လာပါတယ်....ကျွန်တော်နဲ့မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာထိုင်လိုက်ပြီးသူကပြုံးပြံုးကြီးနဲ့ကြည့်ပြီး မေးတယ်.... " ကဲ...ပြော... "ဆိုတာနဲ့ ကျွန်တော်က "အမေ... မနက်က သိန်း ၁၀၀ကိစ္စ ပြောဦး... ဘာစီးပွားရေး အတွက်လဲ.... ?"ဆိုတော့ သူက ပြံုးပြီးဖြေတယ်...."ငါနောက်အိမ်ထောင်ပြုတော့မယ်..... "တဲ့...အဲဒီအချိန်မှာ ညအိပ်လာစောင့်ပေးတဲ့ Leo ရယ်ကျွန်တော်ရယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြံုးစိစိဖြစ်သွားပါတယ်... (အမှန်အတိုင်းပြောရရင် သူ့ကိုနောင်အိမ်ထောင်ပြုတာမပြုတာထက် သူပျော်ဖို့အဓိကကိုပဲ ရင်ထဲရှိတာပါ) ...." ဘယ်သူလဲ...??? ဘယ်ကလဲ ???? ဘာအလုပ်လုပ်လဲ??? ဘယ်လိုသိကြတာလဲ ??? ဆိုတဲ့" မေးခွန်းတွေမေးဖြစ်တာပေါ့.အဲ့ဒါနဲ့သူက " သူ့နာမည်က George( ဆိုပါတော့ ) ..... သူက American Army ကဗိုလ်ချုပ်ကြီး General တစ်ယောက်....တစ်ခုလပ်....သားသမီးတော့ရှိတယ်.... ဆုတွေလည်းအများကြီးရထားတယ် fb သုံးရင်း ဆုံကြတာပေါ့.... Fb မှာခင်နေတာကြာပြီ....သူက အခု Propose လုပ်ထားတယ်.... လာမယ့် December ကျရင် ရန်ကုန်လာမယ်..ငါ့ကို One million Dollar နဲ့လာတင်တောင်းမယ်ပြောတယ်.... ငါကလည်းလက်ခံလိုက်တယ်....နင်လည်း Us visa တွေဘာတွေ လုပ်ထားဦး....အဆင်ပြေရင် အားလုံးဟိုမှာ အေးဆေးနေရုံပဲ.... "ဆိုတာနဲ့ ကျွန်တော် ခေါင်းကြီးသွားပါတယ်...." အမေ မနက်က သိန်း ၁၀၀ ကိစ္စကရော....? "ဆိုတော့ သူက " အခု George က Indonesia မှာတာဝန်ကျနေတယ်....စစ်တပ်ကလွှတ်ထားတာ....အခု Case တစ်ခုကြောင့်ကြာနေတာ....သူ့ Visa card ကလည်းပျက်နေတော့ သူ့မှာHotel ခ တွေရှင်းဖို့ အခက်အခဲဖြစ်နေတယ်....အဲဒါကြောင့်ဒီကနေ Hotel ခတွေ လှမ်းပို့ပေးနေရတာ..December ကျ...သူလာလို့ရှိရင် George တင်တောင်းမယ့် One million Dollar ထဲက ဆပ်လိုက်ရုံပဲ."လို့ပြောလိုက်တာနဲ့ ကျွန်တော်ထပ်မေးလိုက်ပါတယ်....

" အခုအဲ့သိန်း ၁၀၀ ရော ???? " ဆိုတော့ "၉လပိုင်းတုန်းက မ** ဆီက ၂၃သိန်း ချေးပြီး ပို့ထားတာ....အခုသူက လောနေလို့ သိန်း ၁၀၀ ထဲကဆပ်လိုက်တယ်.... " " အဲဒါဆို ကျန်တဲ့ ရ၇သိန်းရောအမေ " ဆိုတော့ " Indonesia bankaccount ကိုအကုန်ပို့လိုက်ပြီ " လို့သွေးအေးအေးနဲ့ဖြေပါတယ်....ကျွန်တော်လည်းအဲဒီ George ဆိုတဲ့လူရဲ့ Fb Account ကိုယူကြည့်မိတော့ သူ့မှာ ဝါးတားတား Profile pic ရယ်- ၂၀၁၃ ကတင်ထားတဲ့ လေယာဉ်ပျံပုံ ရယ်ကျွန်တော့်အမေပုံနဲ့ Cover pic ရယ် ဒါပဲရှိပါတယ်....ကျန်တဲ့ Personal info တွေလည်း ဘာတစ်ခုမှမရှိတာနဲ့ သူ့ Profile Pic ကို download လုပ်ပြီးGoogle Search မှာရှာမိတော့ အဲဒီလူက Georgeနာမည်နဲ့မဟုတ်ပဲ အခြားနာမည်နဲ့ တကယ့်လူတစ်ယောက်ဖြစ်နေပါတယ်....သူမှာလည်းလက်ရှိအိမ်ထောင်နဲ့ ကလေးတွေနဲ့ အမေကျွန်တော့်ကိုပြတဲ့ သူဆုရတယ်ဆိုတဲ့ ဓာတ်ပုံတွေလည်းတန်းစီတွေ့လိုက်ပါတယ်....အဲ့ဒီအချိန်မှာ ကျွန်တော် အရမ်းလန့်သွားပြီး" အမေ !!!!! အဲ့ဒါAcc အတုကြီး..... အမေ့ကိုလိမ်စားသွားတာာ....ပုံအစစ်တွေနဲ့ လူလိမ်လုပ်သွားတာာာ.....!!!!! " ဆိုပြီး ကျွန်တော် အသားတွေတစ်ဆက်ဆက်တုန်နေချိန်မှာ အမေ့မှာတော့ စိုးရိမ်စိတ်တောင်မမြင်မိပါဘူး.... " အဲ့ဒီလိုလူမျိုး ရှိလို့လား....ငါနဲ့စကားပြောနေတာ အကောင်းပါပဲ....နင်မှားတာနေမှာပါ ...." ဆိုပြီး ကျွန်တော့်ကိုအသည်းယားအောင်တောင် ဖြေလိုက်ပါသေးတယ်....အဲဒီအချိန်မှာ Leo က " အန်တီ အလိမ်ခံလိုက်ရပြီ....အခုလို Online မှာလိမ်စားနေတဲ့ လူတွေအများကြီးပဲ....အစထဲက Russell ကိုတိုင်ပင်သင့်တယ်.... " ဆိုတော့ကျွန်တော့်မှာ ခေါင်းထဲရှိတာက ကျွန်တော်တို့ ကိုယ်ပိုင်ပိုက်ဆံမဟုတ်တဲ့ သူများပိုက်ဆံ သိန်း ၁၀၀ ကိစ္စပါပဲ...အချိန်ကလည်း ည ၁၂နာရီနီးနေပြီ.... " မနက်ကငွေလွှဲတဲ့နေရာကို ဖုန်းဆက်မယ်....ဖုန်းနံပါတ်ပေးဆိုတော့ " ဟာာ.....ဒီအချိန်သူများတွေအိပ်နေပြီ.... မနက်ကျမှ ဆက်.... " ဆိုတာနဲ့ကျွန်တော်က " မရဘူး....!!!! အခုချက်ချင်း ဆက်မယ်!!!! ဖုန်းနံပါတ်ပေး !!!!!!!! " ဆိုပြီး ကြိမ်းမောင်းတော့မှသူက ဖုန်းခေါ်ပေးပါတယ်... ဖုန်းခေါ်တော့ သူကကိုင်ပြီး ကျနော်က ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်တော့မှ အဲဒီလူကပြောတာက " ကျနော်လည်းအမကြီးကိုပြောပါတယ်....ဘာ ph no. Address.မှတ်ပုံတင်မှ မရှိတဲ့ Account ကို ရ၇သိန်းလုံးပို့မှာသေချာရဲ့လားဗျာ...???? " လိုမေးတော့အမေက " သေချာတယ်....ပို့လိုက်ပါ.... "လို့ပြောပါတယ်တဲ့... အဲဒီလိုနဲ့ ကျွန်တော်က" အခု ပိုက်ဆံတွေ ပြန်လိုချင်လို့.... အကို ကူညီပေးပါ."လို့ ပြောတော့မှ " မနက်စောစော ၉ နာရီလောက်လာခဲ့ပါကျွန်တော် ရသလောက် ကူညီပေးမယ်.... " ဆိုတာနဲ့ချက်ချင်းနောက်နေ့မနက် ၈နာရီကတည်းကသွားစောင့်နေပါတယ်....

ကံကောင်းချင်တော့ ပို့လိုက်တဲ့ပိုက်ဆံတွေကIndonesia ဆီမရောက်သေးဘဲ Bankgok ကသူတို့ရုံးခွဲ Account မှာပဲရှိနေသေးတော့ကျွန်တော် မှာ ပျော်သွားတဲ့အပျော်ကဘာနဲ့မှလဲလို့ရမယ် မထင်ပါဘူးဗျာာာာ.....ငွေတွေပြန်ထုတ်တော့ ငွေအပြောင်းအလဲနဲ့၄သိန်းလောက်ဆုံးသွားပါတယ်... ရ၃သိန်းပြန်ရလည်းမနည်းဘူး...ဆိုပြီး အဒေါ်ကိုသွားပေးပြီးတာနဲ့ကျွန်တော် တွေးနေတာက သိန်း၁၀၀ ထဲကအဒေါ့်ကိုပေးရမယ့် ၂၇ သိန်းကိုတော့ ဖြေးဖြေးချင်းဆပ်သွားမယ်ပေါ့.... အဒေါ်ကလည်း " အတိုးမယူဘူး...ရရင်ရသလိုလာဆပ်နော် " ဆိုလို့ ကျွန်တော့်မှာအလုံးကြီးကျသွားချိန်မှာ အမေ့ဆီက ထပ်ကြားရတဲ့စကားကြောင့် သတ်သေချင်စိတ်တောင်ပေါက်သွားပါတယ်....အမေက အဲဒီ George ဆိုတဲ့ကောင်တောင်းလို့ကျွန်တော်တို့မသိခင် ၆လပိုင်းကတည်းက လစဉ်ပုံမှန်ပိုက်ဆံတွေပို့နေတာတဲ့ဗျာ....၆ လပိုင်းတုန်းက ၂၂ သိန်း၇ လပိုင်းတုန်းက ၂၅ သိန်း၈ လပိုင်းတုန်းက ၂၂သိန်းပေါင်း ၆၉ သိန်း လူသုံးယောက်စီမှာ ပတ်ပြီးချေးထားပါတယ်တဲ့....ကျွန်တော် ရူးပြီလေဗျာာာ..... သီချင်းတစ်ပွဲဆိုရင်၅သောင်း ၁သိန်းထက်ပိုမရသေးတဲ့အချိန်မှာကိုယ်တောင်မသိလိုက် မြင်တောင်မမြင်လိုက်ရတဲ့၉၆ သိန်းကို ကျွန်တော် ဘယ်ကနေ ဆပ်ရမှာလဲ....ပြီးတော့ အမေက လွယ်လွယ်လေးပြောတယ်

" အိမ်ရောင်းမယ်.... အခန်းငှားနေမယ် " တဲ့ဒီခေတ်ကြီးမှာ အခန်းငှားနေရတာ ဘယ်လောက်ခက်လဲဆိုတာ ကျွန်တော် အသိဆုံး....ဘယ်လိုနည်းနဲမှအိမ်တော့အရောင်းမခံနိုင်ဘူး ရအောင်ဆပ်မယ်ဆိုပြီးအားတင်းရင်းနဲ့..... ငိုလိုက် စိတ်ဓာတ်တွေကျလိုက်ရူးမလိုဖြစ်လိုက် သေချင်လိုက်နဲ့ နောက်ဆုံးကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်...

ဖြစ်ပြီးတာတွေလည်း ပြီးပြီ.... အမေ့ကိုလည်းနောက်နောင်ဒီလိုကိစ္စတွေ ထပ်မဖြစ်ဖို့ ကတိပေးပါ..သား ရအောင်ဆပ်ပေးမယ်. ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရအောင်ရှာမယ်.... လို့ဆုံးဖြတ်ချက်ချရင်းနဲ့ပဲအခုတော့ လုံးဝကြေသွားပါပြီ....အမေလည်း လုံးဝမှတ်သွားပါပြီ....မမှတ်လည်းမရတော့တဲ့ အခြေအနေပါ....ကျွန်တော်ပြောချင်တာက အခုလိုကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အခုလိုပဲဖြစ်ရပ်တွေအများကြီးရှိတယ်ဆိုတာပါပဲ....အနုပညာအသိုင်းအဝိုင်းထဲက လူကြီးပိုင်းတွေလည်းပါတယ်ပြောကြတယ်....တစ်ချို့ဆိုအိမ်တွေခြံတွေ ပိုင်ဆိုင်မှုတွေပါ ရောင်းပြီးအိမ်ငှားနေရတဲ့ဘဝ ရောက်သွားကြတယ် ကျွန်တော်တို့တောင် ဒီလောက်နဲ့ပဲမို့ တော်သေးတယ်ပြောရမယ်....ဒါကရှက်စရာမဟုတ်ပါဘူး....သတိထားရမယ့်အချက်ပါ...ဒါကြောင့် ကျွန်တော် အခုလို ပွင့်ပွင့်လင်းလင်းဖွင့်ပြောဖြစ်ခဲ့တာပါ...ကျွန်တော်အကြံပေးချင်တာက အသက်ကြီးတဲ့လူတွေကိုပစ်မထားကြပါနဲ့....အထူးသဖြင့် Social media မှာပိုသတိထားပါ....ဖြစ်နိုင်ရင်သူတို့ရဲ့ Password တွေသိအောင်လုပ်ပါ.... ကိုယ်တိုင် Superviseလုပ်ပေး

ပါ....အချိန်လွန် အသက်ကြီးမှ ဒုက္ခရောက်မယ့်အဖြစ်မျိုး မကြံုရပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ် " လို့ သူက ဆိုခဲ့တာပါ ။

အလုပ်တွေများနေပြီး အိမ်ကလူကြီးတွေကို ဂရုမစိုက်နိုင်တဲ့အခါ အထီးကျန်ဆန်လာတဲ့ လူကြီးတွေဟာ ဒီလို အဖြစ်မျိုးကြံုရတတ်ပါတယ် ။

ခုလည်း အဆိုတော် Russell ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကို ကြည့်ပြီး နည်းပညာနဲ့ အလှမ်းဝေးနေတဲ့လူကြီးတွေ အင်တာနက်သုံးတဲ့အခါ ပြီးပြီးရော ပစ်မထားဘဲ

ဂရုစိုက်ကြည့်ရှုပေးဖို့ သတိပြုစရာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။