နာမည်ကျော်သရုုပ်ဆောင်တစ်ဦးဖြစ်သူ ထပ်ဆင့်အကယ်ဒမီနေတိုးဟာ ပရိတ်သတ်တွေကို လေးစားချင်ခင်ကြောင်းကို ပုံရိပ်လေးတွေနဲ့သက်သေပြလိုက်ပါတယ်။ နေတိုးနောက်ဆုံး ရိုက် ကူးခဲ့တဲ့ “ ထာ၀ရအမေ ” ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသချိန်မှာ အုန်းအုန်းထအားပေးခဲ့ တဲ့ ပရိတ်သတ်ကြီးနဲ့အတူ ပျော်နေတဲ့သူ့ရဲ့ပုံရိပ်တွေကို နေတိုးက Facebook မှာတင်ခဲ့တာ ပဲဖြစ်ပါတယ်။ “ ထာဝရအမေ ” ရုပ်ရှင်ဇာတ်ကားဟာ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သူ စင်ရော်မောင်မောင်က ရိုက်ကူးပုံဖော်ထား တာဖြစ်ပြီး နိုင်ငံပေါင်းငါးနိုင်ငံမှာ ပြသမှာဖြစ်ပါ တယ်။ ရိုက်ကူးမှုတွေကလည်း အံ့မခန်းပါပဲ ပရိတ်သတ်ကြီးရေ။

“ တာတေကြီး ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာလည်း ပြီးခဲ့တဲ့လက ရုံတင်ပြသခဲ့ပြီး ပရိတ်သတ် တွေအားပေးမှုအပြည့်အဝရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင် ပီ ပြင်ပိုင်နိုင်မှုကြောင့် ပရိတ်သတ်တွေ အားပေးမှုအပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇာတ် ရုပ်ပေါင်းစုံကို သရုပ်ဆောင်နိုင်ပြီး စွယ်စုံရ မင်းသားချောတစ်လက်လည်းဖြစ်ပါတယ်။ ရုင်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး အကယ်ဒမီရွှေစင်ရုပ်ထု နှစ်ဆုကိုလည်း ရရှိ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ညီဖြစ်သူ မင်းသွေးကိုလည်း အနုပညာလောကထဲကို လက်တွဲခေါ်ခဲ့တဲ့ အကိုကြီးအဖရာပီသသူလည်း ဖြစ်ပါတယ်။

ယောကျာ်းပီသပြီး အမိုက်စားပုံစံတွေကြောင့် ချစ်ခင်အားပေးသူပရိတ်သတ်တွေက တနေ့တ ခြား ပိုပိုတိုးလာတာပဲဖြစ်ပါတယ်။ ဘယ်ချိန်ကြည့်ကြည့် သန့်သန့်လေးနဲ့ကြည့်ကောင်းနေပြီး ဇာတ်ရုပ်မျိုး စုံကို သရုပ်ဖော်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ နေတိုးနဲ့ သူရဲ့ပရိတ်သတ်တွေ့ဆုံပွဲမှာ ရိုက်ကူးထားတဲ့ ကြည်နူးစရာပုံရိပ်လေး တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Nay Toe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။