ဆံပင်ပါးသူ သို့မဟုတ် ဆံပင် ကျွတ်တဲ့သူတွေအတွက် အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဆံပင် သန်အောင်၊ ဆံပင် မကျွတ်အောင် ပေါင်းတင်တာ၊ ကုထုံးနည်းတွေ ပြလုပ်တာ စသည်တို့နဲ့ ကုသနေပေမဲ့လည်း အစားအသောက်နဲ့လည်း ဖြည့်တင်း ကုသပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သဘာဝနည်းနဲ့ ဆံပင်ကို သန်စွမ်းစေမဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) ဆော်လမွန်ငါး

(၂) သစ်ကြားသီး

(၃) ကမာကောင်

(၄) ကန်စွန်းဥ

(၅) ဥ အမျိုးမျိုး

(၆) ဟင်းနုနွယ်ရွက်

(၇) ပဲနီလေး

(၈) ဒိန်ချဉ်

(၉) ကြက်သား

စသည်တို့ကို နေ့စဉ် တစ်မျိုးမျိုးပါအောင် စားသုံးပေးသင့်ပါတယ်။ ဒီလို စားသုံးပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းကို သက်သာစေပြီး ဆံပင် သန်လာမှာပဲ ဖြစ်ပါတယ်။ 

ဆံပင်တုတွေကလည်း စိတ်တိုင်းကျ လှချင်မှ လှနိုင်တာမို့ ကိုယ့်ရဲ့ ဆံပင် အစစ်နဲ့သာ စိတ်တိုင်းကျ လှပနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကိုလည်း သူငယ်ချင်း၊ မိတ်ဆွေတွေကိုလည်း အလှအပရေးရာ ဗဟုသုတ တိုးပွားစေရန်အတွက် မျှဝေပေးလိုက်ပါဦးနော်။

သတင်းအရင်းအမြစ် - Health Care Assistant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။