ဒါရိုက်တာဝိုင်းရိုက်ကူးထားတဲ့ 3Girls ဆိုတဲ့ရုပ်ရှင်ကားကြီးမှာ မြင်တွေ့ရမယ့် သရုပ်ဆောင်များကတော့ အကယ်ဒမီဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသုနဲ့ အလင်းရောင် တို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ 3Girls Press Show ပွဲကိုတော့ ဖွေးဖွေးနဲ့ အိချောပိုက အစိမ်းရောင် ဝတ်စုံများနဲ့ တက်ရောက်ခဲ့ပါတယ်။ 

ဒီကားကြီးထဲမှာ စိတ်ပုပ်တဲ့နေရာကနေ သရုပ်ဆောင်ထားပါတယ်ဆိုတဲ့ ဖွေးဖွေးနဲ့ ဝိဉာဉ်နှစ်ခုပိုင်ဆိုင်ထားတယ်လို့ဆိုတဲ့ အိချောပိုတို့က ဘာတွေများဖြစ်ကြမှာလဲ? အမှားကျူးလွန်ထားသူတစ်ယောက်က စိတ်အေးလက်အေး နေခွင့်မရှိဘူး လို့ဆိုတဲ့ ပိုင်ဖြိုးသုနဲ့ သူတို့ ၃ယောက်နဲ့ အလင်းရောင်က ဘယ်လိုတွေများပတ်သက်နေမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။

စာရေးဆရာမလွန်းထားထားရဲ့ " တိတ်ဆိတ်နက်ရှိုင်းသော သက်သေ" ဆိုတဲ့ဝတ္တုကို 3 Girls အဖြစ်ပြန်လည်ပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားကြီးဟာ အချစ်ဇာတ်လမ်းဖြစ်သလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲများစွာလဲပါဝင်တာကြောင့် ပရိသတ်ကြီးအကြိုက်တွေ့စေမှာပါ။ ကဲ... ဒါဆိုရင်တော့ ပရိသတ်ကြီးရေ ဒီရုပ်ရှင်ဇာတ်ကားကြီးထွက်တဲ့အခါ သွားကြည့်ဖို့ မမေ့ပါနဲ့နော်။

Source - 3Girls FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။